လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လည်လွတ်မြောက်

0
674

ပုဒ်မ ၅၀၅(ခ) ဖွင့် တရားစွဲဆိုခံခဲ့ရသည့် လူငယ်ဗေဒင်ဆရာ လင်းညို့တာရာသည် ယနေ့ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

လူငယ်ဗေဒင်ဆရာတစ်ဦး ဖြစ်သည့် ကိုဟိန်းမင်းအောင် (ခ)လင်းညို့တာရာကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်က တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်း၏ နေ အိမ်တွင် ဖမ်းဆီးခံရကာ ‌ပုဒ်မ ၅၀၅ (ခ) ဖြင့်အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

၎င်းအား ဖမ်းဆီးအရေးယူပြီးနောက် (၁) နှင့် (၉) လအကြာ ယနေ့ နိုဝင်ဘာ (၄) ရက် နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခြင်းလည်း ဖြစ်သည်။

“မင်္ဂလာပါ။ ပြန်လွတ်လာတာပဲ ဝမ်းသာနေပါတယ်ဗျာ။
ကျန်းကျန်းမာမာရှိပါတယ်။ စောင့်နေတဲ့သူတွေလည်း ကျေးဇူးပါ” ဟု ဗေဒင်ဆရာ လင်းညို့တာရာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောသည်။

၎င်းအား ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြန်လည် လွတ်မြောက်လာမှုနှင့် ပတ်သက်၍ ၎င်း၏ မိတ်ဆွေများနှင့် ရင်းနှီးသူများကလည်း လူမှုကွန်ရက်စာ မျက်နှာများမှတဆင့် ကြိုဆိုမှုများ လုပ်ဆောင်လျက်ရှိသည်။

“ဂမ္ဘီရဆရာလေး လင်းညို့တာရာ အင်းစိန်မှော်ရုံတောက ပြန်လာပြီလို့ သတင်းကောင်း ကြားရပါ၏ ခင်ဗျာ” ဟု ဗေဒင်ဆရာ ဇင်ယော်နီကလည်း လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားထားသည်။

ဗေဒင်ဆရာ လင်းညို့တာရာသည် လူငယ်ဗေဒင်ဆရာတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here