ရွှေတိဂုံစေတီတော်၌ ၁၁ ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

0
373

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအသင်းများပါဝင်သည့် ၁၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲအား နိုဝင်ဘာ ၄ ရက်(ယနေ့) နံနက်ပိုင်းက ကျင်းပခဲ့သည်။

စေတီတော်ရင်ပြင်တော်ပေါ်တွင် နံနက် ၇ နာရီ၌ ဌာနအလိုက်ဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအ သင်းများက ပဒေသာပင်များဖြင့်စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့နောက် ရင်ပြင်တော်ပေါ်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင် ယခုနှစ်အတွက် ကထိန်အလှူတော်ခံယူမည့် ဘီအိုစီပိဋကတ်တိုက်ကျောင်းဆရာတော်အား ကထိန်လျာဉာတ်သင်္ကန်းနှင့်ပဒေသာပင်တို့အား အလှည့်ကျသဘာပတိ ဦးဘိုးသင်းနှင့်ဂေါပကအဖွဲ့ဝင်ဦးတင်ဝတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် စေတီတော်ဝတ္ထုကံမြေအတွင်းရှိ ကျောင်း တိုက်များမှ ပင့်ဖိတ်ထားသည့်သံဃာတော်များအား ပဒေသာပင်များ မဲဖောက်လှူဒါန်း၍ ကောင်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရားနာကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here