ကိုဗစ်(၁၉)ရန်ပုံငွေမှ ချေးငွေရယူထားသူများ၏ ပြန်လည်ပေးဆပ်ရမည့်ကာလအား ၁ နှစ်ထပ်မံသက်တမ်းတိုးမြှင့်

0
154

ကိုဗစ်(၁၉)ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက ချေးငွေကာလသက်တမ်း ၂ နှစ်စေ့သည့်နေ့မှစ၍ ၁ နှစ်ထပ်မံသက်တမ်းတိုးပေးခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်(ယနေ့)တွင် ထုတ်ပြန်ချက်အမှတ်(၃/၂၀၂၂)ဖြင့် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ဦးစားပေးကဏ္ဍအလိုက် ကိုဗစ်(၁၉) ရန်ပုံငွေကျပ် ၂၀၀ ဘီလီယံမှ ကုမ္ပဏီ/လုပ်ငန်းပေါင်း ၅၉၉၀ ခုအား ချေးငွေပမာဏ ကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလီယံအား အတိုးနှုန်း ၁ ရာခိုင် နှုန်းဖြင့် ချေးငွေသက်တမ်းတစ်နှစ်သတ်မှတ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၉ ရက်မှစ၍ ခွင့်ပြုထုတ်ချေးပေးခဲ့သည်။

CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ် လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အ စားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက်(Supply Chain)     တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများအား ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချေးငွေထုတ်ပေးခဲ့သည့် ကုမ္ပဏီ/လုပ် ငန်းများအား ၂၀၂၁ ခုနှစ်၊မတ် ၁၇ ရက်တွင် ချေး ငွေပြန်ဆပ်ရန်ကာလအား ပထမအကြိမ်အဖြစ် (၆)လ၊ စက်တင်ဘာ ၁၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ၆ လ(စုစုပေါင်း ၁ နှစ်)သက်တမ်းတိုးပေးခဲ့သည်။

လက်ရှိအချိန်၌ ကိုဗစ်(၁၉)ရောဂါကြောင့် စီးပွား ရေးလုပ်ငန်းထိခိုက်မှုများရှိနေကာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှုအ ဆင်ပြေစေရန် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလအား ၁ နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ချေးငွေရယူထားသည့် ကုမ္ပဏီ/လုပ် ငန်း ၅၉၉၀ ခုအနေဖြင့် ထပ်မံသက်တမ်းတိုးပေးသည့် ၁ နှစ်၌ အကျုံးဝင်ရန် ပထမနှစ်အတွက် ပ ထမအကြိမ်အတိုးများအား ပေးဆပ်ပြီးဖြစ်ရမည်ကာ ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများကိုလည်း ကာလပြည့်မီကပေးဆပ်ပြီးဖြစ်ရမည်ဖြစ်ပြီး ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပ ဏီ/လုပ်ငန်းဖြစ်ရမည်ဟု အသိပေးခဲ့သည်။

လုပ်ငန်းကော်မတီမှ ခွင့်ပြုခဲ့သည့် ချေးငွေထုတ် ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန် လည်ပေးဆပ်ရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ခံရမည်ဖြစ် ကြောင်း”ပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊အတိုး ပြန်လည်ပေး ဆပ်ရန်ပျက်ကွက်ပါက တရားမကြောင်းအရ အ ရေးယူဆောင်ရွက်သွားမည်ဖြစ်၍ သက်တမ်းတိုးမြှင့်ရန်ခွင့်ပြုထားသည့်ကာလအတွင်း အပြီး သတ်အကြေပေးဆပ်ရန် ကိုဗစ်(၁၉)ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအ ပေါ်ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here