ဒေလီ၏လေထုညစ်ညမ်းမှုဆိုးလာ၍မူလတန်းကျောင်းများပိတ်လိုက်ရ

0
91

လယ်ယာ​ရိတ်သိမ်းချိန်မီးရိူ့မှု၊ ​ဒေဝါလီပွဲ​တော် မီးပန်းများနှင့် ဆောင်းရာသီလေထုညစ်ညမ်းမှု​ကြောင့်ဒေလီရှိ လေထုညစ်ညမ်းမှုအဆင့်မှာ နှစ်စဥ်အလွန်ဆိုးရွားလျှက်ရှိသည်။

အိန္ဒိယနိုင်ငံ၏ မြို့တော်တွင် လေထုညစ်ညမ်းမှု အကျပ်အတည်းကို​ဖြေရှင်းရန် ဒေလီအစိုးရက ကြိုတင်ကာကွယ်မှုအဆင့်များ အများအပြားကို ကြေညာခဲ့သည်။ 

ဒေလီရှိ မူလတန်းကျောင်းများကို စနေနေ့၊ နိုဝင်ဘာ ၅ ရက်မှ စတင်ပိတ်မည်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ပြင်ပလှုပ်ရှားမှုများကို ကန့်သတ်ထားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစိုးရ၀န်ထမ်းများ၏ ၅၀ ရာခိုင်နှုန်းသည် အိမ်မှအလုပ်လုပ်ကြမည်ဖြစ်ကြောင်း ဒေလီပတ်ဝန်းကျင်ရေးရာဝန်ကြီး Gopal Rai က ပြောကြားခဲ့သည်။ ကုန်တင်ယာဉ်များ ဝင်ခွင့်ကိုလည်း ​နောက်ထပ်အမိန့်စာ မထုတ်မချင်းတားမြစ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒေလီ တစ်ဝှမ်းရှိ လေထုအရည်အသွေး စောင့်ကြည့်စစ်ဆေးမှုများသည် ယခုသီတင်းပတ်အတွင်း ‘ပြင်းထန်’ သောအဆင့်ဖြစ်ခါ  Jahangirpuri ​ဒေသသည် AQI (Air Quality Index)၇၀၀ ကျော်ဖြင့် မြို့တော်တွင် အညစ်ညမ်းဆုံးနေရာဖြစ်​နေသည်။

ဆောင်းရာသီအတွင်း​လေထု ညစ်ညမ်းမူနှင့်ပတ်သက်၍ အရေးပေါ်လုပ်ဆောင်မှုများကို လုပ်​ဆောင်ရင်းတစ်နှစ်ပတ်လုံး စနစ်များကိုပြင်ဆင်ပါက ​နောင်နှစ်တွင် လေထုအရည်အသွေးကို ပိုမိုကောင်းမွန်စေမည်ဟုဒေလီရှိ လေထုအရည်အသွေးဆိုင်ရာ သုတေသီတစ်ဦးက​ပြောကြားခဲ့သည်။

Ref:wionews.com


LEAVE A REPLY

Please enter your comment!
Please enter your name here