ရုရှားတို့ ခါဆန်မှတပ်များ နောက်သို့ဆုတ်ဟန် အချက်ပြနေကြသော်လည်း၊ ထောင်ချောက်ဖြစ်နေမည်ကို ယူကရိန်းစိုးရိမ်

0
138

ရုရှားတပ်များသည်ခါဆန်ဒေသ Dnipo မြစ်အနောက်ဖက်ကမ်းမှ တပ်များကို နောက်သို့ဆုတ်ဟန် ရုရှားတာဝန်ရှိသူများက အချက်ပြနေကြသော်လည်း ယင်းသည် ထောင်ချောက်တစ်ခုဖြစ်နေမည်ကို ယူကရိန်းနှင့် အနောက်နိုင်ငံများမှ စစ်ရေးလေ့လာသုံးသပ်သူတို့က စိုးရိမ်နေကြသည်။

ရုရှားတို့သည် ယင်းဒေသမှ ဆုတ်ခွာဟန်ဆောင်ကာ ထောင်ချောက်ဆင်နေနိုင်သည်ကို သတိထားနေကြောင်း Kyiv မှ တာဝန်ရှိသူတို့ကဆိုသည်။

“ကျွန်ုပ်တို့၏ယူနစ်များ၊ ကျွန်ုပ်တို့၏စစ်သားများသည် လက်ဝဲ[အရှေ့ပိုင်း] ကမ်းပါးဖက်သို့ထွက်ခွာသွားဖွယ်ရှိပါသည်” ဟု ရုရှားမှတာဝန်ပေးအပ်ထားသော ခါဆန်ဒေသ၏ အရပ်သားလက်ထောက်အုပ်ချုပ်ရေးမှူး Kirill Stremousov က အွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် Solovyov Live နှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။ 

Source: Russian official signals Kherson retreat, but Ukraine fears a trap


LEAVE A REPLY

Please enter your comment!
Please enter your name here