(၁၆)ကြိမ်မြောက်ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အား စတင်ဖွင့်လှစ်ရာ မီးရှူးမီးပန်းများပစ်ဖောက်ပြီး မီးပုံးပျံငယ် ၁၀၀၀ အားလွှတ်တင်

0
304

မမ္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အား နိုဝင်ဘာ ၄ ရက်က မဟာအံ့ထူးကံသာဘုရား၊မီးပုံးပျံလွှတ်ကွင်း၌ ကျင်းပခဲ့သည်။

မီးထွန်းပွဲတော်အား ပြင်ဦးလွင်မီးပုံးပျံပွဲတော်သီချင်းဖြင့် သရုပ်ဖေါ်တင်ဆက်ခြင်း၊ပြင်ဦးလွင်အထိမ်းအမှတ်မြင်းရထားနှင့်နာရီစင်တို့အား မီးအလှဆင်ခြင်း၊ ပြင်ဦးလွင်မှကြိုဆိုပါ၏ ၂၀၂၂ ခုနှစ် တန်ဆောင်တိုင်ပွဲတော် စာတမ်း‌အားမီးအလှဖြင့်သရုပ်‌‌ဖော်ခြင်း၊မီးရှုးမီးပန်းများပစ်‌ဖောက်ခြင်း၊မီးပုံးပျံငယ် ၁၀၀၀ အားလွှတ်တင်ခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော်အားရည်မှန်းပူဇော်သည့်အနေဖြင့် စိန်နားပန်မီးပုံးပျံအား လွှတ်တင်ခဲ့ကြသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံပြိုင် ပွဲတွင် ညမီးပုံးပျံလွှတ်ပြိုင်ပွဲ၊နေ့အရုပ်အလှမီးပုံး ပျံ ၄၆ လုံး၊စိန်နားပန် ၁၆ လုံး၊ညမီးကျည် ၁၄ လုံးတို့ဖြင့် နေ့အလိုက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

ကျောက်ဆည်ဆင်အကအဖွဲ့များ၊ မန္တလေးမြို့၏ မြို့မတူရိယာအဖွဲ့ များကလည်း ဖျော်ဖြေသွားမည်ဖြစ်ပြီး ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်‌ဘောလုံးနှင့်ရိုးရာခြင်းအလှခတ်ပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ 

ထို့ပြင် မသိုးသင်္ကန်းရက်လုပ်၍ နိုဝင်ဘာ ၇ ရက် ( တန်‌ဆောင်မုန်းလပြည့်‌နေ့)နံနက် ၅ နာရီတွင် မ ဟာအံ့ထူးကံသာဘုရားကြီးအားကပ်လှူ၍ ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိကာပူဇော်သွားမည်ဖြစ် ကြောင်း သိရသည်။

(၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ၅ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here