ဂူဂျာရတ်တံတားကျိုးကျ၊ပြည်နယ်အကြီးပိုင်းအရာရှိကိုရာထူးချ

0
165

မော်ဘီ၊နိုဝင်ဘာ ၄

လူပေါင်း ၁၃၅ ဦးသေဆုံးခဲ့သည့် တံတားပြိုကျမှုကြောင့် အိန္ဒိယနိုင်ငံမော်ဘီမြို့ရှိ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကို ဂူဂျာရတ် ပြည်နယ်အစိုးရက ရာထူးချလိုက်ကြောင်း ဝန်ကြီးချုပ်ရုံးက နိုဝင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါတံတားပြိုကျမှုကြောင့် ပြည်နယ်အစိုးရက မော်ဘီမြူနီစပယ်အရာရှိ ဆန်ဒီဆင့်ဒ်ဇာလာအား ရာထူးချထားလိုက်ကြောင်း ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ် Bhupendra Patel ၏အတွင်းရေးမှူး Pankaj Joshi ကပြောကြားခဲ့သည်။

မစ္စတာဇာလာ၏ဖုန်းကိုလည်း ဆက်သွယ်မရဘဲ မှတ်ချက်တစ်စုံတစ်ရာပြုရန်တောင်းဆိုမှုအပေါ် ချက်ချင်းမတုံ့ပြန်သေးကြောင်းလည်းသိရှိရသည်။

အရှည် ၂၃၃ မီတာနှင့် အကျယ် ၁ ဒသမ ၂၅ မီတာရှိသောတံတားကို မူလက ၁၈၇၇ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ပြုပြင်ရန်ဟုဆိုကာ လွန်ခဲ့သည့်ခြောက်လကအတည်းကပြီးခဲ့သည့်အပတ်အထိပိတ်ထားခဲ့သည်။

တံတားကျိုးကျမှုကြောင့် ရဲတပ်ဖွဲ့က ကန‌ဦးစုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ သံသယရှိသူကိုးဦးအား ဖမ်းဆီးထားကြောင်းလည်းသိရှိရသည်။၎င်းတို့ကိုးဦးအပြင် မစ္စတာဇာလာသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွင် အရေးယူမှုကို ပထမဆုံးရင်ဆိုင်ရသူဖြစ်လာခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here