ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် မြန်မာနိုင်ငံအတွက်သာမက နိုင်ငံတကာအတွက်လည်းအထောက်အကူဖြစ်စေသည်ဟု နစက ဥက္ကဋ္ဌပြော

0
187

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့အနောက်မြောက်ဘက်(၁၇) မိုင်ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့ရောက်ရှိခဲ့သည်။

၂၀၀၇ ခုနှစ် ခန့်က မြန်မာ့ဆိပ်ကမ်းနှင့် အီတာလျံထိုင်းတို့ က ထားဝယ် ​ရေနက်ဆိပ်ကမ်း ​ဖော်​ဆောင်​ရေး သ​ဘောတူ စာချုပ်များချုပ်ဆိုခဲ့​သော်လည်းအ​ကြောင်း​ကြောင်းများ​ကြောင့် တိုးတက်မူမရှိဖြစ်​နေသည့်  အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်သည် ။

ထိုစီမံကိန်းသည် နိုင်ငံအတွက်အကျိုးရှိသလို  နိုင်ငံတကာအတွက်လည်း အထောက်အကူဖြစ်စေမည်ဟု နစက ဥက္ကဌက ညွှန်းဆိုသည်။

ဗီယက်နမ်နိုင်ငံမှဆိပ်ကမ်းအား အရှေ့အာရှ နိုင်ငံများမှအသုံးပြု၍ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသသို့ဆက်လက်ပို့ဆောင်နိုင်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် အနောက်ဘက်ဒေသနိုင်ငံများသည် ထားဝယ်ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်း၊ကမ္ဘောဒီးယား ၊ ဗီယက်နမ်နိုင်ငံတို့မှ အာရှအရှေ့ပိုင်းထိ ပို့ဆောင်နိုင်၍ အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက်  နစက ဥက္ကဋ္ဌက အတူလိုက်ပါလာသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့်ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးတို့နှင့် ​ဆွေး​နွေးမှာကြားခဲ့သည်။

စီမံကိန်းအတွင်း ယခင်က လျာထားဆောင်ရွက်ခဲ့သည့် တည်ဆောက်ပြီးအဆောက်အဦးများအား ပျက်စီးမှုမရှိ​စေ​ရေး၊ရေရှည်တည်တံ့စေရန် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်​ရေး

၊ သက်ဆိုင်ရာကော်မတီမှတစ်ဆင့် ဆောင်ရွက်ခဲ့သည့်မပြီးပြတ်​သေး​သော လုပ်ငန်းများကိုဖြေရှင်း​ရေးနှင့် အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်သွား​ရေးတို့ကို ​ဆွေး​နွေးခဲ့ကြသည်။

ထို စီမံကိန်း​​အောင်မြင်ပါက SEZ တည်ရှိရာ တနင်္သာရီ တွင် ​ဒေသခံ မွန်၊ကရင် လူမျိုး များ၏ အလုပ်အကိုင်အခွင့်အလမ်းလည်း ​​ကောင်းမွန်တိုးတက်လာမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here