ဘောလုံးလောကမှ အနားယူတော့မည့် ရှက်ကီရာ ခင်ပွန်းဟောင်း ပီကေး

0
188

ရှက်ကီရာ​၏ ခင်ပွန်းဟောင်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဂျာရတ် ပီကေးသည် ယခုလနှောင်းပိုင်းတွင် ကာတာရှိ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်  စပိန်လာလီဂါပွဲစဉ်များ ရပ်နားထားစဉ်အတွင်း ဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ပီကေးသည် ဘာစီလိုနာကလပ်တွင် ပွဲပေါင်း ခြောက်ရာကျော် ကစားပေးခဲ့ပြီး လာလီဂါ ၈ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရယူပေးကာ ဘာစီလိုနာအတွက် အရေးပါသော ကစားသမားအဖြစ် ကာလကြာရှည်စွာ ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။

ပီကေးသည် ဘာကာအသင်းတွင် နည်းပြဟောင်း ပက်ဂွာဒီယိုလာရှိစဉ်က ၁၈၃ ပွဲကစားကာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ 

ကလပ်အတွက် ကစားခဲ့သော ၆၁၅ ပွဲတွင် ဂိုးပေါင်း ၅၂ ဂိုးသွင်းနိုင်ခဲ့သည့် နောက်ခံလူ ဖြစ်သည်။

ပီကေး၏ နောက်ဆုံးပွဲမှာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကစားရမည့် အိုဆာဆူနာ အသင်းနှင့်ပွဲစဉ် ဖြစ်ကြောင်း အသင်းဖော်ဟောင်းလည်းဖြစ်သူ လက်ရှိနည်းပြ ဇာဗီက အတည်ပြု ပြောကြားခဲ့သည်။

ပီကေးသည် ဘောလုံးလောက၏ အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

source:  Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here