မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှကျင်းပပြုလုပ်တဲ့ ၁၈ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပွဲကို ယနေ့ နိုဝင်ဘာ လ ၅ ရက် မနက်၉ နာရီ လောက်မှာ ကလေးဝတောရစာသင် တိုက် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲအခမ်းအနားကို အနုပညာရှင် များဖြစ်တဲ့ ကိုရန်အောင် ကိုရဲအောင် ကိုစိုးသူ မေသန်းနု စိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့က တက်ရောက်ကာ သံဃာတော်များနဲ့သီလရှင်များအား ဆွမ်းများလောင်းလှူခဲ့တာဖြစ်ပါတယ်။
အခုလို ကထိန်ခင်းရတာနဲ့ပတ်သက်ပြီး ကိုရန်အောင်က
” အခုလိုကထိန်နဲ့ပတ်သက်ပြီး ၂၀၁၂ ထဲက ကလေးဝတောရ စာသင်တိုက်မှာ ကျင်းပခဲ့တာဖြစ်ပြီး ၁၈ ကြိမ်ရှိကာ ကိုဗစ်ကာလ၂ နှစ်လောက်မလှူနိုင်ခဲ့ပဲ ဒီနှစ်မှာပထမဦးဆုံးအနေနဲ့ ကထိန်ခင်းနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ် ” လို့ပြောပါတယ်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ စုပေါင်းမဟာဘုံကထိန်ကို ၂၀၁၂ ထဲက ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်ဆို ၁၈ ကြိမ်မြောက်ရှိကာ ကိုဗစ်ကာလ ၂ နှစ်အပြီး ပထမဦးဆုံးအနေနဲ့ကထိန်ခင်းခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။