A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများအား ယနေ့မှစတင်ခေါ်ယူလျက်ရှိ

0
486

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အစိုးရစက် မှုလက်မှုသိပ္ပံတို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူလျက်ရှိသည်။

အဆိုပါ သင်တန်းများတွင် တက်ရောက်လိုသူ များအနေဖြင့် ဝင်ခွင့်လျှောက်လွှာများအား အစိုးရစက်မှုလက်မှုသိပ္ပံများ၌ နိုဝင်ဘာ ၅ ရက်မှစတင်၍ထုတ်ယူနိုက်ကြောင်း သိရသည်။

ထို့ပြင် ဝင်ခွင့်လျှောက်လွှာများအား နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့်ကျောင်းများသို့ ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here