ဧရာဝတီတိုင်းတွင် ပဒေသာပင်သွားပို့သည့် လူမှုကူညီရေးအသင်းကားတိမ်းမှောက်၍ သေဆုံးသူနှင့်ဒဏ်ရာရသူ ၂၀ ဦးခန့်ရှိ

0
291

ဧရာဝတီတိုင်း၊ပန်းတနော်မြို့သို့ ပဒေသာပင်သွားပို့သည့် ရန်ကုန်မြို့အခြေစိုက် လူမှုကူညီရေးအ သင်းကားတစ်စီး နိုဝင်ဘာ ၅ ရက်(ယနေ့)တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့၍ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးခန့်ရှိကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက ရန်ကုန်မြို့အခြေစိုက် မျိုးဆက်သစ်ပရဟိတအသင်းသည် ရွှေပြည်သာမြို့နယ်မှတဆင့်ပန်းတနော်မြို့သို့ ပဒေသာပင်သွားရောက်ပို့ဆောင်စဥ် ပန်းတနော်မြို့အရောက် ၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိမ်းမှောက်မှုကြောင့် အခင်းဖြစ်နေရာ၌ တစ်ဦးသေဆုံးသွားခဲ့ပြီး ၂၀ ဦးခန့်တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမိရနှင့်မစိုးရိမ်ရများ)ရရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူ ညီရေးအသင်းကားများဖြင့် ပုသိမ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ပဒေသာပင်သွားပို့တဲ့အချိန်မှာ မှောက်တာလို့သိတာပဲ ဒဏ်ရာရတဲ့လူတွေကို ပုသိမ်ဆေးရုံနဲ့ကျောင်းကုန်းဆေးရုံတွေပို့ထားတယ် ဘယ်လိုကြောင့်မှောက်သွားတယ်ဆိုတာတော့ မသိဘူးဗျ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here