ဆီဈေးနှုန်းကျစေရန် ဗဟိုဘဏ်က ဒေါ်လာများထုတ်ရောင်းပေးနေသော်လည်း စက်သုံးဆီဈေးနှုန်းမှာ ၂၁၀၀ ကျော်အထိ ပြန်တက်

0
267

စက်သုံးဆီဈေးကျဆင်းစေရန် ဒေါ်လာများ ထုတ်ရောင်း ပေးနေသော်လည်း ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ၉၂ တစ်လီတာကို ၂၁၁၅ ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့အထိ တစ်လီတာ ၁၉၀၀ ကျော်ရှိနေရာမှ ယနေ့အောက်တိုဘာ (၅) ရက်တွင် တစ်လီတာ ၂၁၁၅ အထိ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

 ဗဟိုဘဏ်က ပြည်တွင်းစက်သုံးဆီဈေးနှုန်းကို ထိန်းချုပ်ရန် စက်သုံးဆီတင်သွင်းသူများအား ဒေါ်လာထုတ်ချေးပေးခြင်း၊ ပုဂ္ဂလိက ဘဏ်များနှင့် AD လိုင်စင်ရ ဘဏ်များမှတဆင့် ဒေါ်လာထုတ်ရောင်းပေးခြင်းတို့ကို လုပ်ဆောင်နေသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာ အတက်ဘက်သို့ ရောက်ရှိလာနေခြင်း ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ယမန်နေ့ အောက်တိုဘာ (၄) ရက်တွ င် AD လိုင်စင်ရ ဘဏ်များမှတဆင့် ကန်ဒေါ်လာ (၆) သ န်းကျော်ကို စက်သုံးဆီ တင်သွင်းသူများအား ထုတ်ရောင်းပေးခဲ့ပြီး ယမန့်နေ့ စက်သုံးဆီ ဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၄၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၅) ရက် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျင် ၂၁၁၅ ကျပ်ဖြစ်ပြီး ၉၅ တစ်လီတာလျင် ၂၂၃၀ ကျပ် ၊ ရိုးရိုး ဒီဇယ် တစ်လီတာလျင် ၂၆၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျင် ၂၇၂၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂) ရက်က ၉၂ တစ်လီတာ ၁ ၉၆၅ ကျပ်၊ ၉၅ တစ်လီတာ ၂၀၅၅ ကျပ်ဖြင့် ရောင်းချခဲ့သော် လည်း (၃) ရက်နေ့တွင် ၉၂ တစ်လီတာလျင် ၂၀၀၅ ကျပ် ၊ ၉၅ တစ်လီတာလျင် ၂၀၉၅ ကျပ် ၊ နိုဝင်ဘာ(၄) ရက်တွင် ၉၂ တစ်လီတာ ၂၀၄၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၃၅ ကျပ် စသဖြင့် အသီးသီး ဈေးမြင့်တက်ခဲ့ရာမှ ယနေ့တွင် ၁၀၀ ဝန်းကျင် ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်ဈေးနှုန်းများအနေဖြင့် နိုဝင်ဘာ (၂) ရက်တွင် ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၅၀ ကျပ် ၊ ပရီမီ ယံ ဒီဇယ် တစ်လီတာ ၂၇၂၅ ကျပ်မှ ယနေ့ နိုဝင်ဘာ (၅) ရက်တွင် သိသိသာသာ အပြောင်းအလဲမရှိဘဲ အဆိုပါဈေးနှုန်းအတိုင်း ရှိနေကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းအတွင်းကလည်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်များမှ တဆင့် ကန်ဒေါ်လာ ၆.၇ သန်းကို တစ်ဒေါ်လာ ၂၈၇၀ ကျပ်နှုန်းဖြင့် ထုတ်ရောင်း ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းရှိ စက်သုံးဆီတင်သွင်းသူများအနေ ဖြင့် လိုအပ်ချက်မြင့်မားနေသည့် ကန်ဒေါ်လာ လိုအပ်ချ က်ကို ဖြေးရှင်းသည့်အနေဖြင့် ဒေါ်လာသန်း ၂၀၀ ကျော်ကို ဈေးကွက်အတွင်းမှတဆင့် စက်သုံးဆီ တင်သွင်းသူ များအား ထုတ်ချေးပေးခဲ့ရာ ၃လ အတွင်းပြန်ဆပ်ရမည်ဆို​သော်လည်း လိုအပ်​နေ​သေးသည့် ကုမ္မဏီများကို ဆက်လက်ခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here