ရုရှားသို့ ဒရုန်းများတင်ပို့ခဲ့ခြင်းမှာ ယူကရိန်းစစ်ပွဲမတိုင်မီကသာဖြစ်ကြောင်း အီရန်ဆို

0
183

ရုရှားသို့ မောင်းသူမဲ့ဒရုန်းလေယာဉ်များ တင်ပို့ရောင်းချခဲ့ခြင်းမှာ ယူကရိန်းစစ်ပွဲမတိုင်မီကသာဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ယင်းစစ်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်မတိုင်မီ လအနည်းငယ်အလိုတွင် အရေအတွက်လွန်စွာနည်းပါးသော အီရန်လုပ်ဒရုန်းအချို့ကို ရုရှားသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian ကပြောကြားခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ Volodymyr Zelenskiy ၏ အီရန်အပေါ်စွပ်စွဲချက်မှာ လိမ်ညာစွပ်စွဲနေခြင်းဖြစ်ကြောင်းကိုလည်း သူကပြောသည်။ ထို့အပြင် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ကူညီရန် ဒုံးကျည်များနှင့် ဒရုန်းများ တင်ပို့ရောင်းချနေသည်ဟု အနောက်နိုင်ငံအချို့က စွပ်စွဲနေခြင်းမှာလည်း လုံးဝမှားယွင်းကြောင်း Hossein Amirabdollahian ၏ ပြောကြားချက်ကို ကိုးကား၍ အီရန်နိုင်ငံအခြေစိုက် IRNA သတင်းဌာနက ရေးသားဖော်ပြထားသည်။

ယူကရိန်းသမ္မတ Volodymyr Zelenskiyကမူ မိမိတပ်ဖွဲ့များသည် မောင်းသူမဲ့ဒရုန်း ၁၀ စင်းထက်မနည်းကို နေ့စဉ် ပစ်ချနေရကြောင်း ဆိုပြန်သည်။

Source: Iran says it shipped drones to Russia before Ukraine war(Reuters)


LEAVE A REPLY

Please enter your comment!
Please enter your name here