တာတိုပစ် ပဲ့ထိန်းဒုံးကျည် လေးစင်း မြောက်ကိုရီးယား ပစ်လွှတ်ပြန်

0
149

မြောက်ကိုရီးယားသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည် လေးစင်းကို ပင်လယ်ဝါတွင်းသို့ စနေနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ ဒုံးကျည်များသည် အမြင့်ပေ ၂၀ ကီလိုမီတာအထိတက်၍ ကီလိုမီတာ ၁၃၀ ခန့် အကွာအဝေးသို့ ပျံသန်းသွားခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပါဝင်သည့် Vigilant Storm စစ်ရေးလေ့ကျင့်မှုအတွင်း မြောက်ကိုရီးယားက ၎င်း၏ ဒုံးကျည်ပစ်လွှတ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကနဦးတွင် နိုဝင်ဘာ ၄ ရက်တွင် အဆုံးသတ်မည်ဟု ရည်ရွယ်ထားသော်လည်း ကြာသပတေးနေ့တွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီး နိုဝင်ဘာ ၅ ရက်အထိ တိုးမြှင့်လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here