လီသီယမ်-အိုင်းယွန်းဘက်ထရီကြောင့် မီးလောင်မှု မန်ဟက်တန်တွင် ၃၈ ဦးထက်မနည်း ဒဏ်ရာရ

0
189

အမေရိကန်ပြည်ထောင်စု မန်ဟက်တန်ရှိ တိုက်ခန်းတစ်ခန်း ဒေသစံတော်ချိန် စနေနေ့နံနက်ပိုင်းက မီးလောင်မှုတွင် လူ ၃၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းမီးလောင်မှုသည် လီသီယမ်-အိုင်းယွန်းဘက်ထရီအား ရွေ့လျားနိုင်သည့် အသေးစား အီလက်ထရွန်းနစ်ကိရိယာတစ်ခုနှင့် ချိတ်ဆက်ထားခြင်းကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုကြသည်။

ဒဏ်ရာရသူများအနက် နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး ငါးဦးမှာ ပြင်းထန်ကာ ကျန်တစ်ဦးမှာမူ မစိုးရိမ်ရကြောင်း မီးသတ်ကော်မရှင်နာ Laura Kavanagh က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဒဏ်ရာရသူများနှင့် ပတ်သက်၍ တာဝန်ရှိသူများက အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

မီးလောင်သည့်တိုက်၏ လမ်းတစ်ဖက်တစ်ချက်မှ ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် အမျိုးသမီးတစ်ဦးသည် မီးခိုးများ ထွက်လာနေသည့် ပြတင်းပေါက်တစ်ခု၏ အပြင်ဘက်တွင် တွဲလောင်းကျနေသည်ကို  မြင်တွေ့ရသည်။ အဆိုပါ ဗီဒီယိုတွင် မီးသတ်သမားတစ်ဦးသည် ကြိုးတစ်ချောင်းကို အသုံးပြု၍ အမျိုးသမီးအား ကူညီနေသည်ကိုလည်းတွေ့ရသည်။ ထိုအမျိုးသမီးမှာ မီးဘေးမှ လွတ်မြောက်ခဲ့ကြောင်းသိရသည်။

Source: At least 38 were injured in a Manhattan apartment building blaze that was caused by a lithium-ion battery, officials said


LEAVE A REPLY

Please enter your comment!
Please enter your name here