ဘီလူးချောင်း(၂) – တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် များမိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရ၍ လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ပြီးအချိန်ပိုင်းမီးပြတ်တောက်မှုများဖြစ်ပေါ်

0
497

အချိန်ပိုင်းလျှပ်စစ်မီးပျက်တောက်မှုများလတ်တ လောဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ နိုဝင်ဘာ ၅ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် ၂ တိုင်သည် နိုဝင်ဘာ ၃ ရက်ည ၇ နာရီ ၄၀ မိနစ်က မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရ၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ် စစ်ဓာတ်အား(၇၀)မဂ္ဂါဝပ် လျော့နည်းခဲ့ရသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှအကြိမ် ကြိမ်ပြုပြင်နေစဉ် နှောက်ယှက်တိုက်ခိုက်မှုများရှိခဲ့၍ ဝန်ထမ်းများတွင် သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိခဲ့သည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် စုစုပေါင်းဓာတ်အား(၂၄၀)မဂ္ဂါဝပ်အား နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများဖြစ်သော ၂၃၀ ကေဗွီ ဘီလူချောင်း (၂) – ရွှေမြို့ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် ၁၅ တိုင်အား (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) – တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် ၆ တိုင်အား (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) – တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် ၂၁ တိုင်အား (၇) ကြိမ် ဖျက်ဆီးခဲ့ကြသဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူများအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ် ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပို့လွှတ်ဖြန့်ဝေပေးခြင်းအား မဟာဓာတ်အားလိုင်းများနှင့်အမျိုးမျိုးသောဓာတ်အားလိုင်းများဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ ထပ်မံဖျက်ဆီးခံရမှုမဖြစ်စေရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဖြင့် ပူးပေါင်းစောင့်ရှောက်ပေးကြပါရန် အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here