ဟွန်ဒီငွေလွှဲလုပ်ငန်းများ လုပ်ကိုင်ရာတွင် တရား ဝင်လိုင်စင်ရယူလုပ်ကိုင်ရန် ဗဟိုဘဏ် ဥက္ကဋ္ဌပြောကြား

0
422

ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေမှ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ ယူထားခြင်းမရှိဘဲ ဟွန်ဒီငွေလွှဲလုပ်ငန်းဆောင် ရွက်လျက်ရှိသည့် တာချီလိတ်မြို့နှင့်မူဆယ်မြို့တို့မှ လုပ်ငန်းရှင်များအား နေပြည်တော်၌တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟွန်ဒီငွေလွှဲလုပ်ငန်းအား တရားဝင်လိုင်စင်ရယူဆောင်ရွက်ရန်နှင့်ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင် ရာများအား အသိပညာပေးဆွေးနွေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အ ကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အ ကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ ယင်းလုပ်ငန်းစဉ်တွင်ပါရှိသည့် ပြည်ပငွေလွှဲလုပ်ငန်းများနှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား ဗဟိုဘဏ် ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ဒေသများ၌ ခွင့်ပြုပေးလျက်ရှိသည့် ဘတ်-ကျပ်၊ ယွမ်-ကျပ် အစီအစဉ်များနှင့်ဟွန်ဒီငွေလွှဲလုပ်ငန်းများအား တရားဝင်လိုင်စင်ရယူ၍ လုပ်ကိုင်ရန်တို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင် ရာ ပြည်ပငွေလွှဲလုပ်ငန်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ခွင့်လုပ်ငန်းလိုင် စင် လျှောက်ထားခြင်းဆိုင်ရာလိုအပ်သည့်အ ချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here