မုဒုံမြို့နယ်ရှိ စေတီ ၇ ဆူတွင် ဆက်ကပ်ပူဇော်မည့် မသိုးသင်္ကန်းများအား ယနေ့စတင်ရက်လုပ်လျက်ရှိ

0
332

မွန်ပြည်နယ်၊မုဒုံမြို့နယ်အတွင်းရှိ စေတီတော် ၇ ဆူအား နိုဝင်ဘာ ၆ ရက်(ယနေ့)ညနေပိုင်း၌ ဆက် ကပ်ပူဇော်မည့် မသိုးသင်္ကန်းများအား မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်ဝင်းအ တွင်း ရက်လုပ်လျက်ရှိကြောင်း သိရသည်။

မသိုးသင်္ကန်းရက်လုပ်ခြင်းအား ယနေ့နံနက် ၆ နာ ရီမှစတင်ကာ ရက်ကန်းစင် ၄ စင်ဖြင့် (၉၆)ကြိမ်မြောက်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရက်လုပ်ရရှိလာသည့် မသိုးသင်္ကန်းများအား မုဒုံမြို့နယ်အတွင်းရှိ ကန်ကြီးစေတီတော်၊ နောင် တော်ကြီးစေတီတော်၊ သင်္ဘောဦးစေတီတော်၊ ကျိုက်ကမော့လေးတောင်ပေါ်စေတီတော်၊ တောင်ခြေစေတီတော်၊ ဆုတောင်းပြည့်စေတီတော်နှင့်ပြည်တော်အေးဆုတောင်းပြည့်စေတီတော်တို့တွင် ညနေ ၆ နာရီတွင် ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ်ရှိ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နှစ်စဥ်ကျင်းပခဲ့ရာမှ ကိုဗစ်(၁၉)ရောဂါအခြေအ နေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့သည်မှာ ၂ နှစ်ကျော်ကြာပြီဖြစ်ပြီး ယခုနှစ်မှသာ သြဝါဒါစရိယဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ ပြန် လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here