နစက လက်ထက်တွင် ပြည်ပမှ ချေးငွေနှင့် ထောက်ပံ့ငွေမရရှိဘဲအခက်ခဲများ​ကျော်ဖြတ်​နေ

0
349

နိုဝင်ဘာလ (၅) ရက်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်”ယခင်အစိုးရများ လက်ထက်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခဲ့သော်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခြင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြည်ပထောက်ပံ့မှုမရရှိသော်လည်း ပြည်တွင်း စီးပွားရေးကို ကြိုးစားမြှင့်တင်ခဲ့သည့်အတွက် နိုင်ငံ ၏ စီးပွားရေး မှာတိုးတက်သင့်သလောက် တိုးတက်လာသည်ကို တွေ့ရကြောင်းလည်း ၎င်းကဆိုသည်။

ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခများကြော င့် တိုင်းပြည်၏ စီးပွားရေး ကျဆင်းခဲ့ရသော်လည်းနိုင်ငံ ၏ စီးပွားရေးမြှင့်တင်နိုင်ရန် အခက်အခဲများကြားမှ ကြိုး စားခဲ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အဓိကထားပြီး ကုန် ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် ကိုဗစ်ကပ်ရောဂါကာလတွင် စားသောက်ကုန်များ ပြတ်လတ်မှုနှင့် မကြုံတွေ့ခဲ့ရကြောင်း၊ပြည်တွင်း၌ အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ယခုထက် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် နစက အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်မည့် MSME လုပ်ငန်းများက​နေကုန်ထုတ် လုပ်မှုများကို အဆင့်မီစွာဆောင် ရွက်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here