ပြည်မြို့တွင် အမျိုးသားတစ်ဦး ကြွက်ဆေးသောက်၍ ဆေးရုံသို့အရေးပေါ်ပို့ဆောင်ပေးခဲ့ရ

0
189

…ပဲခူးတိုင်း၊ပြည်မြို့၊ဆံတော်ရပ်ကွက်၊သင်္ဘော ဆိပ်လမ်းတွင် နိုဝင်ဘာ ၆ ရက်(ယနေ့)နေ့လည်ပိုင်းက အသက်(၂၀)ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကြွက်ဆေးသောက်၍ ဆေးရုံသို့အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့နေ့လည် ၃ နာရီခန့်က သင်္ဘောဆိပ်လမ်း၊မင်းကြီးတောင်လမ်းဆုံအနီးရှိ နေအိမ်တွင် အမျိုး သားတစ်ဦး ကြွက်ဆေးသောက်၍ သတိလစ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြသည်။

“အသင်းကိုဖုန်းဆက်လို့ သွားပြီးကူညီခဲ့တာပါ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်းမမေးကြည့်လိုက်မိဘူး သတိလစ်နေတဲ့အ တွက် မြေပြင်အရေးပေါ်ကုသပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကြွက်ဆေးသောက်၍ သတိမေ့နေသူအမျိုးသားအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ၏ လူနာတင်ကားဖြင့် အရေးပေါ်ဆေးကုသမှုခံ ယူရန် ပြည်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)


LEAVE A REPLY

Please enter your comment!
Please enter your name here