မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းအား ကထိန်သင်္ကန်းများဆက်ကပ်လှူဒါန်း

0
166

မလေးရှားနိုင်ငံ၌ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများအား ကူညီဖြေရှင်းပေးနေသည့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က နိုဝင်ဘာ ၆ ရက်(ယနေ့) တွင် ဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၊စလန်းကောပြည်နယ်၊ဘလက် ကောင်းမြို့ရှိ သာသနာ့အောင်စည်ဘုန်းတော်ကြီးကျောင်း၊နဂရီဆင်ပီလန်းခရိုင်၊ဆရင်ဗန်းမြို့ရှိ ဗောဓိဥယျာဥ်ဘုန်းတော်ကြီးကျောင်းနှင့်ကလန်းမဲရူးမြို့ရှိ သာသနဝေပုလ္လဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းအား မြန်မာလူမှုကူ ညီရေးအသင်း(မလေးရှား)၏ အမှုဆောင်များကဦးဆောင်၍ မလေးရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

Photo-မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here