ကွယ်လွန်ချိန်မှာ ဇီဝိတဒါန ပြုသွားနိုင်သည့် မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦး

0
425

ချင်းရိုင်ခရိုင်တွင် ကားတိုက်ခံရပြီး ဦးနှောက်သေသွားသည့် မြန်မာ​ရွှေ့​ပြောင်းလုပ်သားတဦး၏ကိုယ်တွင်းအင်္ဂါများအား အခြားသူများထံအစားထိုးကုသနိုင်ရန် အတွက် မိသားစုက ခွင့်ပြု လှူဒါန်းပေးခဲ့သည်။

ကားတိုက်ခံရသူသည် အသက် ၄၃ နှစ်အရွယ် မြန်မာအမျိုးသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး ၄င်း၏ မျက်လုံး၊ ကျောက်ကပ်နှင့် အခြားကိုယ်တွင်းအင်္ဂါများအား လိုအပ်​နေ​သော လူနာ ရှစ်ဦးထံသို့ အစားထိုးကုသ​မူပြုခဲ့သည်။

ကြာသပတေးနေ့တွင်Chiang Rai Prachanukroh ဆေးရုံက အကျိုးပြုခဲ့သည့်ထိုအမျိုးသားနှင့်ကျန်ရစ်သူမိသားစုအား ​ကျေးဇူးတင်ရှိ​ကြောင်းမှတ်တမ်းတင်ခဲ့သည်။

စနေနေ့ (ယမန်နေ့)တွင်  ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Opas Karkawinpong က ကျန်ရစ်သူမိသားစုဝင်များအား ကျေးဇူးတင်ရှိကြောင်း  ပြောကြားခဲ့သည်။

“အခြားလူသားတွေကို ကူညီဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တဲ့ လူနာရဲ့ မိသားစုကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ချီးကျူးချင်ပါတယ်” ဟု Opas မှ ပြောကြားခဲ့သည်။

ဦး​ဏှောက် ​သေသွားသည့် လူနာအ​နေဖြင့် သိရှိနိုင်ခြင်းမရှိ​တော့​သော်လည်း အင်္ဂါအစိတ်အပိုင်းအလှူခံရသူ ရှစ် ဦး ကအကျိုးများပြီး ရှင်သန်ဖို့ အ​ထောက်အပံ့ဖြစ်ခဲ့သည့်အတွက် ​သေတာ​တောင် ဇီဝိတဒါန​ ပြုသွားနိုင်သူဟုဆို​သော်ရ၏။

source:Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here