ကမ္ဘာကြီး ပူနွေးလာမှုနှုန်း သိသိသာသာ တိုးလာ​ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

0
153

 အီဂျစ်နိုင်ငံ၊ Sharm el-Sheikh မြို့မှာ ကျင်းပ​နေ​သော COP27 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၅ခုနှစ်​နောက်ပိုင်းတွင်တနှစ်ချင်းစီ ပိုမိုပူပြင်းလာသည်ဟူသောအချက်ကို အသေးစိတ်ဖော်ပြထားသည်။

 ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေခဲမြစ်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အပူလှိုင်းများနှင့်၄င်းတို့​ကြောင့်ဖြစ်သော ဘေးအန္တရာယ်များအားလုံး အရှိန်မြှင့်လာခဲ့ဟုဆိုသည်။

အစီရင်ခံစာကို “ရာသီဥတု မငြိမ်သက်မှု၏ မှတ်တမ်း” အဖြစ် ဖော်ပြထားပြီး”COP27 အစည်း​ဝေး စတင်ချိန်တွင် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ကြီး ဒုက္ခများနိုင်​ကြောင်း အချက် ပေးနေသည်” ဟု ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က​ပြောကြားခဲ့သည်။

အစီရင်ခံစာအရ ၁၉ ရာစုနှောင်းပိုင်းကတည်းက ကမ္ဘာကြီးသည် ၁.၁ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုပူနွေးလာခဲ့ပြီး ယင်းတိုးလာမှု၏ ထက်ဝက်ခန့်သည် ပြီးခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ဖြစ်ပွားခဲ့သည်။

Ref:livemint.com


LEAVE A REPLY

Please enter your comment!
Please enter your name here