အီဂျစ်နိုင်ငံ၊ Sharm el-Sheikh မြို့မှာ ကျင်းပနေသော COP27 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။
၂၀၁၅ခုနှစ်နောက်ပိုင်းတွင်တနှစ်ချင်းစီ ပိုမိုပူပြင်းလာသည်ဟူသောအချက်ကို အသေးစိတ်ဖော်ပြထားသည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေခဲမြစ်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အပူလှိုင်းများနှင့်၄င်းတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များအားလုံး အရှိန်မြှင့်လာခဲ့ဟုဆိုသည်။
အစီရင်ခံစာကို “ရာသီဥတု မငြိမ်သက်မှု၏ မှတ်တမ်း” အဖြစ် ဖော်ပြထားပြီး”COP27 အစည်းဝေး စတင်ချိန်တွင် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ကြီး ဒုက္ခများနိုင်ကြောင်း အချက် ပေးနေသည်” ဟု ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကပြောကြားခဲ့သည်။
အစီရင်ခံစာအရ ၁၉ ရာစုနှောင်းပိုင်းကတည်းက ကမ္ဘာကြီးသည် ၁.၁ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုပူနွေးလာခဲ့ပြီး ယင်းတိုးလာမှု၏ ထက်ဝက်ခန့်သည် ပြီးခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ဖြစ်ပွားခဲ့သည်။
Ref:livemint.com