တရုတ်၏ ကိုဗစ်လော့ဒေါင်းများကြောင့် အိုင်ဖုန်းအသစ်များရရန် အချိန်ပိုစောင့်ရမည်–အက်ပဲလ်

0
113

တရုတ်နိုင်ငံ ကျန်းကျိူးမြို့ရှိ အိုင်ဖုန်းထုတ်လုပ်သည့် အဆောက်အအုံတွင် ကိုဗစ်-၁၉ ကန့်သတ်မှုများကြောင့် ဖုန်းထုတ်လုပ်ရာတွင် ယာယီနှောင့်နှေးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခင်က မျှော်မှန်းထားသည်ထက် အိုင်ဖုန်း ၁၄ ပရိုနှင့် ၁၄ ပရိုမက်စ် တင်ပို့မှုများ လျော့နည်းလာမည် ဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက တနင်္ဂနွေနေ့တွင် ပြောသည်။

“ယခုလက်ရှိ အဆောက်အအုံကနေ အလုံးရေ အတော်လေးလျော့ပြီး ထုတ်လုပ်နေရပါတယ်။ သုံးစွဲသူအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေရဖို့ အချိန် ပိုစောင့်ရပါလိမ့်မယ်” ဟု အက်ပဲလ်က ဆိုသည်။

ပြီးခဲ့သည့်အပတ်က ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းထုတ်လုပ်သော စက်ရုံတစ်ခုဖြစ်သည့် ကျန်းကျိုးစက်ရုံတစ်ဝိုက်တွင် ကိုဗစ်ကြောင့် လော့ဒေါင်းများချမှတ်ခဲ့သဖြင့် လုပ်သားများ စိုးရိမ်ပူပင်ကာ ထွက်ပြေးခဲ့ကြသည်။

ထိုသို့ နှောင့်နှေးမှုသည် အက်ပဲလ်ကဲ့သို့သော လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများအတွက် ရောင်းအား အကောင်းဆုံး အချိန်ဖြစ်သည့် နှစ်ကုန် အားလပ်ရက် မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Source: CNA

Photo :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here