တွစ်တာဘလူးမတ်ခ်အတွက် ငွေသုံးမည်မဟုတ်ဟုပြင်သစ်ဝန်ကြီးဆို

0
115

ပါရီ၊နိုဝင်ဘာ ၆

ပြင်သစ်ဝန်ကြီးနှင့်အစိုးရပြောရေးဆိုခွင့်ရှိသူ မစ်ဆီယာအိုလီဗီ‌ေယး ဗီရန်က တွစ်တာအကောင့်ခိုင်မာရေးနှင့် ဘလူးမတ်ခ်ရရှိရန်ပေးရမည့် တစ်လလျှင်ဒေါ်လာ ၇ ဒသမ ၉၉ ဒေါ်လာအား ပေးဆောင်အသုံးပြုမည်မဟုတ်ကြောင်းနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်း၏ပိုင်ရှင်အသစ် အီလွန်မတ်စ်၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများရှိနေသည်ဟုပြောကြားခဲ့သည်။

တွစ်တာ၏မူအသစ်အရ ယခုမှစတင်အသုံးပြုသူများသည် ယခင်ကမိမိ follow ထားသည့် အနုပညာရှင်၊ကုမ္ပဏီများနှင့် နိုင်ငံရေးသမားများကဲ့သို့ပင် ၎င်းတို့၏အကောင့်နာမည်အနောက်တွင် ဘလူးမတ်ခ်ရရှိနိုင်ကြောင်းသိရှိရသည်။

အီလွန်မတ်စ်မတိုင်မီကမူ အကောင့်ဘေးရှိအဆိုပါအပြာရောင်အမှတ်အသားသည် ယခုအကောင့်အားသုံးစွဲသူ လူပုဂ္ဂိုလ်နှင့်လုပ်ငန်းအား တွစ်တာဘက်ကအသိမှတ်ပြုထားပြီးဖြစ်ကြောင်းပြောကြားလိုခြင်းဖြစ်သည်။ထို့ကြောင့်ပင် ယခုမတ်စ်၏ဝယ်ယူမှုပြီးနောက် တွစ်တာဆက်လက်အသုံးပြုမည်လားဟုမေးကြားရာ၌ မစ်ဆီယာဗီရန်ကမသေချာသေးကြောင်းပြန်လည်ပြောကြားခဲ့သည်။

တွစ်တာသည်ပြင်သစ်နိုင်ငံမှအသုံးပြုသူပေါင်း ၁၀ သန်းကျော်အသုံးပြုသည့် အဓိကဆက်သွယ်ရေးမီဒီယာတစ်ခုဖြစ်ကာ ပြင်သစ်သမ္မတအပါအဝင် မစ်ဆီယာဗီရန်နှင့်အခြားပြင်သစ်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊အဖွဲ့ဝင်များအားလုံးသည်လည်း ကိုယ်ပိုင်တွစ်တာအကောင့်နှင့် followres များဖြင့် ဘလူးမတ်ခ်များပါ ပါရှိကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here