အမေရိကန်ရှိ ပါဝါဘော ဂျက်ခ်ပေါ့ ထီကုမ္ပဏီသည် စနေနေ့ညက ပေါက်မဲနံပါတ်ရွေးချယ်ခဲ့ရာ ကိုက်ညီသူ မရှိခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေပမာဏမှာ ခန့်မှန်း ခြေအမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီ လျံ ရှိလာပြီ ဖြစ်ကြောင်း ကလီဖိုးနီးယား ထီ အသင်းက ဆိုသည်။
ထီပေါက်စဉ်မှာ ၂၈၊ ၄၅၊ ၅၃၊ ၅၆၊ ၆၉၊၂၀ ဖြစ်ပြီး နိုဝင်ဘာ ၇ရက် တနင်္လာနေ့တွင် နောက်တစ်ကြိမ် ထပ်နှိုက် ရွေးချယ်မည်ဖြစ်သည်။
စနေနေ့က မဲနှိုက်ခဲ့သော ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ သည် ကမ္ဘာ့အကြီးဆုံး ထီဆုကြီးဖြစ်သည်ဟု ပါဝါဘောက ပြောကြားခဲ့သည်။
ဆုကြေးငွေပမာဏ ကြီးမားလှသော်လည်း လူ၂၉၂ ဒသမ ၂ သန်းတွင် တစ်ယောက်သာ ပေါက်နိုင်ချေရှိသောကြောင့် ထီလက်မှတ်ဝယ်သူများအတွက် စိတ်မကောင်းဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။
ပါဝါဘော ထီအား နောက်ဆုံးတစ်ခေါက် ပေါက်ခဲ့သည်မှာ ဩဂုတ်လ သုံးရက်နေ့ကဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၂ ဒေါ်လာကျသင့်မည် ဖြစ်မည်။
source: CNN