ဂျပန်ဝန်ကြီးချုပ်က စစ်ရေးစွမ်းရည်အတွက်အသုံးစရိတ်မြှင့်တင်ရန်ကတိပြု

0
124

ဆာငမိ၊နိုဝင်ဘာ ၆

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် ဂျပန်၏ရေတပ်နှင့်စစ်ရေးစွမ်းရည်ကိုမြှင့်တင်နိုင်ဖို့ အသုံးစရိတ်တိုးမြှင့်ရန်ကတိပြုခဲ့ပြီး နိုင်ငံအနေဖြင့်ရန်လိုနေသူများကို ရင်ဆိုင်ရန်ပြင်ဆင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ယင်းနောက်ဝန်ကြီးချုပ်က ယူကရိန်းသို့ရုရှား၏ ကျူးကျော်စစ်အားရှုံ့ချခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကိုလည်း ဝေဖန်ခဲ့သည်။

“စည်းမျဉ်းစည်းကမ်းဆိုတာဘာမှန်းမသိ မနာခံဘဲတခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ဖျက်ဆီးဖို့အင်အားသုံးခြိမ်းခြောက်မှုတွေ ပေါ်လာနေတဲ့ခေတ်အတွက် ကျွန်တော်တို့ကပြင်ဆင်ထားရမှာဖြစ်ပါတယ်” ၎င်းကပြောကြားခဲ့သည်။

ဂျပန်အနေဖြင့် ၎င်း၏စစ်အသုံးစရိတ်ကိုပွင့်လင်းမြင်သာမှုရှိစေမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ထို့ပြင် ဒုတိယကမ္ဘာစစ်အပြီးကတည်းက အစဉ်တစိုက်လုပ်ဆောင်ခဲ့သည့်အတိုင်း ဂျပန်အနေဖြင့်ငြိမ်းချမ်းရေးဖော်ဆောင်သည့်နိုင်ငံအဖြစ်သာ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ရေတပ်စုစည်းစစ်ဆေးမှုတွင် ဂျပန်၊ဩစတြေးလျ၊အိန္ဒိယနှင့်အမေရိကတို့အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သင်္ဘောများကိုတိုကျိုမြို့တောင်ဘက် ဆာငမိပင်လယ်အော်တွင်စုစည်းခဲ့ကြောင်းသိရှိရသည်။ထို့ပြင်တိုကျိုနှင့်ဆိုးလ်တို့ကြား တင်းမာနေသည့်ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်လိုသောကြောင့် အဆိုပါတပ်စစ်ဆေးမှုအခမ်းအနားတွင် တောင်ကိုရီးယားနိုင်ငံလည်း ခုနစ်နှစ်အတွင်းပထမဆုံးအကြိမ်အနေဖြင့် ပါဝင်ခဲ့ကြောင်းသိရှိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here