ရှမ်းပြည်(မြောက်ပိုင်း)တွင် ကားနှင့်ဆိုင်ကယ်တိုက်၍ ၄ ဦးဒဏ်ရာရ

0
178

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်ရှိ ဟုန်ပန်းခြံလမ်းတွင် နိုဝင်ဘာ ၇ ရက်(ယနေ့)မွန်းတည့်ပိုင်းက ကိုယ်ပိုင်ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခန့်က ဟုန်ပန်းခြံလမ်းရှိ လိမ္မော်ခြံအနီးတွင် TOYOTA Wish ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ တန့်ယန်းမြို့နယ်အရန်မီး သတ်တပ်ရင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

“ကားကမောင်းမပြေးပါဘူး တိုက်မိတဲ့နေရာမှာရပ်ပြီး ဒဏ်ရာရတဲ့လူတွေကိုကူညီပေးနေတာ ဒဏ်ရာရတဲ့လူတွေက ဆိုင်ကယ်ပေါ်ပါတဲ့လူတွေပါ”ဟု တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၄ ဦး)အား လူ နာတင်ကားများဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူ ၄ ယောက်လုံးက မစိုးရိမ်ရပါပဲ အခုဆေးရုံကကုသပေးနေပါတယ်”ဟု တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-တန့်ယန်းမြို့နယ်အရန်မီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here