မန္တလေးတိုင်းတွင် အဝတ်လျှော်စက်ပေါ် ဖယောင်းတိုင်ထွန်းထားရာမှ မီးလောင်ကျွမ်း၍ ၂ ထပ်လူနေအိမ်အနည်းငယ်ပျက်စီး

0
253

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ လမ်း ၉၀၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာ ၆ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီ ၂၀ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၉၀ ၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ၂ ထပ်နေအိမ်တွင် အဝတ်လျှော်စက်ပေါ်သို့ ဖ ယောင်းတိုင်တင်ထွန်းထားရာမှ အိပ်ပျော်သွားသဖြင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက Level 1 အဆင့်သတ်မှတ်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည ၁၁ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၁ နာရီ ၃၆ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“အဝတ်လျှော်စက်ပေါ်ဖယောင်းတိုင်တင်ထွန်းပြီး အိပ်ပျော်သွားရာကနေ အဝတ်လျှော်စက်ကိုမီး ကူးပြီးလောင်သွားတာပါ အဝတ်လျှော်စက်က အ ပေါ်ထပ်မှာထားတာ”ဟု မန္တလေးမြို့အခြေစိုက်လူ မှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် မျက်နှာကျက်နှင့်အတွင်းပစ္စည်းအနည်းငယ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here