သမီးဖြစ်သူကို ကျောင်းပြီးတော့မှပဲ အနုပညာ အလုပ်တွေ ဆက်လုပ်ခိုင်းမယ့် ခိုင်သင်းကြည်

0
146

ke

ခိုင်သင်းကြည်ရဲ့ သမီးဖြစ်သူ စံထိပ်ထားဦးက သရုပ်ဆောင် ဖွေးဖွေး၊ မိကွန်ထောတို့နဲ့အတူ ကြော်ငြာရိုက်ကူး ခဲ့တာ တွေ့ရပါတယ်။ အရင်တုန်းက မိခင်ဖြစ်သူနဲ့ အတူသာ ကြော်ငြာတွေ ရိုက်ကူးခဲ့ပေမယ့် အခုအခါမှာတော့ သူ တစ်ယောက်တည်း သီးသန့်ရိုက်ကူး လာ တာကြောင့် နောက်ပိုင်းမှာ အနုပညာ အလုပ်တွေကို ဆက်လုပ် ဖြစ်ဦးမလားလို့ မေးတော့ ခိုင်သင်းကြည်က..

” ငယ်ငယ်တုန်းကတော့ မခိုင်နဲ့ တွဲရိုက်ကူးဖူးပါတယ်။ ရန်ကုန်ပဲဆီသန့်တို့၊ နေကြာစေ့ကြော်ငြာဓာတ်ပုံတွေလို မိသားစုလိုက်လည်း အမြဲရိုက်ကူးဖူးပါ တယ်။ ဒါကတော့ သူတစ်ယောက်တည်း သီးသန့် ရိုက်ကူးဖြစ်တာပါ။ သူ့ကို သတ်သတ်ငှားတာပေါ့။ ဖွေးဖွေးလည်း ပါမယ်။ ထူးအိမ်သင်ရဲ့သမီးလေး မိကွန် ထောလည်းပါမယ်ဆိုတော့ သူစိတ်ဝင် စားတာပေါ့။ အရင်က မခိုင်တို့ကို ဗီဒီယိုဇာတ်ကားတစ်ကားမှာ မခိုင်ရဲ့ သမီးနေရာက သူ့ ကို ရိုက်ကူးဖို့ တချို့ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေက ပြောဖူးတယ်။ ဒါပေမဲ့ အရွယ်က တအား ငယ်သေးတယ်။ ကိုယ်တောင်မှ ကိုယ့် အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်ရောက် တာတောင် အဖေက အနုပညာအလုပ်လုပ်ခိုင်းသေးတာမဟုတ်ဘူး။ အခု သူက အသက် ၁၃ နှစ်ပဲရှိသေးတော့ တအား ငယ်သေးတယ်။ ကျောင်းစာမှာလည်း သူက တအားအညံ့ကြီးထဲမှာမပါပေမယ့် တအားအတော်ကြီးထဲမှာလည်းမပါဘူး။ အလယ်အလတ်လောက်ပဲဆိုတော့ တော်ကြာ ဒီအလုပ်တွေလုပ်လိုက်မှ စာညံ့တဲ့အထဲ ပါသွားဦးမယ်လေ။ စာကို အာရုံစိုက်တာ နည်းသွားမှာစိုးလို့ဆိုပြီး မလုပ်ခိုင်းဘူး။ သားအမိတို့၊ မိသားစု တို့ရိုက်ကူးမယ်ဆိုရင်တော့ ထည့်ပေးတာ ပေါ့။ အခု တစ်ယောက်တည်း ရိုက်ကူးဖို့ ကျတော့ ပထမတော့ စဉ်းစားဦး မယ်လုပ်တာ။ သူက တအား ရိုက်ကူးချင်နေတော့ ကြော် ငြာလောက်ကတော့ ပြဿနာမရှိပါဘူးဆိုပြီး ပေးရိုက်ကူးလိုက် တာပါ။ အခုလည်း သူ့ကို ဆယ် ကျော်သက် အရွယ်လိမ်း တဲ့ မိတ်ကပ်ဆိုပြီး ရိုက် ကူးဖို့ ပြောထားတာတွေ လည်း ရှိတယ်။ အဓိက ကတော့ သူက အသံ လေးက ပိုကောင်း တယ်။ အိုက်တင်ပိုင်းကို ရတယ်ဆိုပေမယ့် သူ့ ကိုယ်သူ မေမေ့လောက် မလှဘူးလို့ လုပ်နေ တာ။ သမီးက ပိုလှပါတယ်၊ မေမေက မလှပါဘူးလို့ ပြောရ တယ်။ သူက မေမေ့လောက် မလှလို့ အဆိုတော်ပဲ လုပ် မယ်တဲ့။ မေမေ့ထက်တော့ အသံကောင်းတယ်လို့ ပြောပြီး နောက်နေတယ်” လို့ ပြောပါတယ်။ သမီး ဖြစ်သူ အသက်ငယ်နေ သေးတဲ့အတွက် ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်ကူးမှုတွေလောက်ပဲ လုပ် ခိုင်းမှာဖြစ်ပြီး ကျောင်းပြီးတော့မှပဲ အနုပညာ အလုပ်တွေ ဆက်လုပ် ခိုင်းမှာဖြစ်ကြောင်း ခိုင်သင်းကြည်က ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here