တန်ဆောင်မုန်းလပြည့်နေ့မှာ မသိုးရွှေကြာသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ခန့်စည်သူ

0
369

သရုပ်ဆောင်ခန့်စည်သူဟာ ယနေ့နိုဝင်ဘာလ ၇ရက်တန်ဆောင်မုန်းလပြည့်နေ့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာ မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

မနက် ၄နာရီခွဲအရုဏ်တက်အချိန်မှာလှူဒါန်းခဲ့တာဖြစ်ပြီး ယခုလှူဒါန်းမှုနဲ့ပတ်သက်လို့ သရုပ်ဆောင်ခန့်စည်သူက ၄င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုရေးသားမျှဝေထားပါတယ်။

“ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် မသိုးရွှေကြာသင်္ကန်းတော်ကို ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားရှင်အဆူဆူတို့အား ရည်မှန်းလျက် နန်းဦးဘုရားကြီးအား ယနေ့ အရုဏ်တက်(၄:၃၀) အချိန်မှာဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ပါတယ်။

သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ဗုဒ္ဓဂေါတမရှင်တော်မြတ်ဘုရား၏ ဆံတော်စစ်ရတနာ ကိန်းဝပ်တော်မူရာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ ၊ဝဏ္ဏပဘာ ယက္ကန်းစင်တော်ကြီးဖြင့် မသိုးရွှေကြာသင်္ကန်းတော်များကို ရက်လုပ်၍၊မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်စူးလျက် ကပ်လှူ ပူဇော်ခဲ့သည်မှာ ယခုနှစ်တွင် အနှစ်(၂၀)ကျော် တိုင်ခဲ့ပါပြီ။ 

ယနေ့ ယခု ဤအချိန်ခါအထိ ပြုပြုခဲ့သမျှ ကုသိုလ်အစုစုတို့၏ အဖို့ဘာဂကို (၇) ရက် သား၊သမီးအပေါင်းသူတော်ကောင်းများအား မျှဝေပါကုန်၏။

သဒ္ဓါတရားပွားများ၍ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ”

#Credit


LEAVE A REPLY

Please enter your comment!
Please enter your name here