ကမ္ဘာနှင့် အနီးဆုံး တွင်းနက် Black Hole တစ်ခုကို နက္ခတ်ပညာရှင်များ ရှာဖွေတွေ့ရှိ

0
447

အမေရိကန်ပြည်ထောင်စု၏ ရံပုံငွေဖြင့် သုတေသနလုပ်ငန်းများဆောင်ရွက်နေသော NOIRLab မှ နက္ခတ်ပညာရှင်များသည် International Gemini Observator ကို အသုံးပြု၍ အာကာသတခွင်လေ့လာသုတေသနပြုလျှက်ရှိစဉ် ကမ္ဘာနှင့်အနီးဆုံးတွင် တည်ရှိနေသော တွင်းနက် Black Hole တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ Black Hole သည် ကမ္ဘာမှ အလင်းနှစ် ၁၆၀၀ အကွာအဝေးတွင်တည်ရှိပြီး ယင်းကို လက်ရှိအချိန်တွင် Gaia BH1 ဟု အမည်ပေးထားသည်။ Gaia BH1 တွင်းနက် Black Hole သည် အရွယ်အစားအားဖြင့် နေထက် ၁၀ ခန့်ပိုမိုကြီးမားပြီး၊ ယခင်က ကမ္ဘာနှင့် အနီးဆုံးတွေ့ရှိထားသည့် Black Hole ထက် ၃ ဆခန့် ပိုမိုနီးကပ်စွာတည်ရှိနေသည်။

Black Hole များ၏ ဆွဲငင်အားမှာ အတိုင်းအဆမရှိ အနန္တဖြစ်သဖြင့် အလင်းရောင်ကိုပင်လျှင် ဆွဲငင်စုပ်ယူနိုင်သည်။ Black Hole ၏ အရွယ်အစားအရ ယခုအကွာအဝေး အလင်းနှစ် ၁၆၀၀ ဆိုသည်မှာ များစွာဝေးကွာနေခြင်းမဟုတ်ဟုလည်း သိပ္ပံပညာရှင်များကဆိုကြသည်။ ထို့ကြောင့် လေ့လာမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး၊ ယခုအချိန်အထိမူ အရေးပေါ်သတိပေးစရာမလိုသေးဟုလည်း ဆိုကြသည်။

Source: NOIRLab


LEAVE A REPLY

Please enter your comment!
Please enter your name here