အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီအမတ်များ အနိုင်ရပါက ယူကရိန်းသို့ထောက်ပံ့မှုများအပြောင်းအလဲဖြစ်သွားနိုင်ဟု Washington Post သတင်းစာဆို

0
208

နက်ဖြန် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်ပြည်ထောင်စု ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားလှယ်အမတ်များအနိုင်ရမည်ဆိုပါက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့နေမှုများကို လျှော့ချခြင်း(သို့)ရပ်တန့်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် Washington Post သတင်းစာကြီးက ယနေ့တွင် တင်ပြထားသည်။

“ရီပတ်ဘလစ်ကန်များလက်အောက်တွင် နောက်ထပ် တစ်ပြားတစ်ချပ်မျှ ယူကရိန်းသို့ မသွားစေရ”ဟုပြောကြားခဲ့သော ရီပတ်ဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သူ Marjorie Taylor Greene ၏ အဆိုများကို ကိုးကား၍ တင်ပြထားခြင်းဖြစ်သည်။

“သူမ၏ ပါတီသည် အင်္ဂါနေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် သိသာထင်ရှားသော အကျိုးအမြတ်များရရှိရန် အသင့်ရှိနေပြီး ယူကရိန်း၏ ခုခံမှုထောက်ခံရန် အမေရိကန်ပြည်ထောင်စု၏ ချဉ်းကပ်မှုတစ်ခုလုံးကို ပြန်လည်ပြင်ဆင်နိုင်သည်”ဟု Washington Post တင်ပြချက်ဆောင်းပါးတွင် ဖော်ပြထားသည်။

Source: US to cut or stop aid to Kiev if Republicans win


LEAVE A REPLY

Please enter your comment!
Please enter your name here