ရွှေတိဂုံစေတီတော်ရှိ ဘုရား ၅ ဆူအား ကထိန်ရွှေကြာသင်္ကန်းများကပ်လှူပူဇော်

0
267

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ နိုဝင်ဘာ ၇ ရက်(တန်ဆောင်မုန်းလပြည့်နေ့ – သာမညဖလအခါတော်နေ့)တွင် ရွှေတိဂုံ စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၅ ဆူအား ကထိန်ရွှေကြာသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြသည်။

ယနေ့နံနက် ၆ နာရီတွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအ ဖွဲ့၀င်များ၊ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ဝန်ထမ်းများက ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ အမွှေးနံ့ သာများဖြင့် စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီအချိန်တွင် ကထိန်ရွှေကြာ သင်္ကန်းများကို စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပြီးနောက် အာရုံခံမုခ်ဦး ၄ ခုရှိ  ဘုရားရုပ်ပွားတော်များနှင့်အထက်ပစ္စယံရှိ ပတ္တ မြားမျက်ရှင်ရုပ်ပွားတော်တို့အား ကပ်လှူပူဇော်ခဲ့ကြသည်။

ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်း၌ နံနက် ၉ နာရီခွဲတွင် ရွှေ တိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဠိတက္က သိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသ ထံမှသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုများအား ဆက် ကပ်လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရ-တိပိဋကကောဝိရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ(ရေစကြိုဆရာတော်)ထံမှ ရေစက်ချအနုမောဒနာတရားနာကြား၍ ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here