ရှမ်းပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများစီးလာသည့် Canter ကားတိမ်းမှောက်၍ ကလေးငယ် ၆ ဦးအပါအဝင် ၂၂ ဦးဒဏ်ရာရ

0
253

ရှမ်းပြည်နယ်ရှိ အောင်ပန်း-တောင်ကြီးသွားကားလမ်း၏ ဘဝသံသရာတံတားအနီး၌ နိုဝင်ဘာ ၇ ရက်(ယနေ့)နံနက်ပိုင်းက တိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်က အောင်ပန်း-တောင်ကြီးသွားကားလမ်း၏ ဟဲဟိုး-ရွှေညောင်ကြား ဘဝသံ သရာတံတားအနီးလမ်းကွေ့တွင် ကျောက်တန်းရွာ၌ ယာယီနေထိုင်နေကြသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌လုပ်ကိုင်နေသူများလိုက်လာသည့် Canter ကားတိမ်းမှောက်ခဲ့သည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ကလေးငယ် ၆ ဦး၊အမျိုးသား ၈ ဦး၊အမျိုးသမီး ၈ ဦး(စုစုပေါင်း ၂၂ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတာတွေက မစိုးရိမ်ရလူနာများပါတယ် ဆောက်လုပ်ရေးဆိုဒ်ကလူတွေပါ ကျောက်စရစ်လမ်းခင်းကျောက်တွေထုတ်တဲ့နေရာလမ်းအကွေ့မှာ မှောက်သွားတာ အောင်ပန်း-တောင်ကြီးသွားကားလမ်းက အကွေ့အကောက်တွေများတယ် ဒါ့ကြောင့် ကားတွေဆိုင်ကယ်တွေ ခနခနမှောက်တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား အနီးပတ်ဝန်းကျင်နေသူများ၊ဖြတ်သန်းသွားလာနေသည့်ကားများနှင့်လူမှုကူညီရေးအသင်းဝင်များက ဟဲဟိုးမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

ထို့နောက် ဟဲဟိုးမြို့နယ်မီးသတ်တပ်ဖွဲ့၊ ရွှေညောင်လူမူကူရေးအသင်း၊ ဟဲဟိုး၊ အင်းခေါင်း၊အောင်ပန်းနာရေးကူညီမှုအသင်းတို့က ထိခိုက်ဒဏ်ရာရသူများအား ဟဲဟိုးမြို့ပြည်သူ့ဆေးရုံမှတဆင့် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here