တောင်ဝိုင်း တောင်တက်ကားလမ်းဘေးချောက်အတွင်းသို့ မီနီအိုးဝေ သုံးဘီးဆိုင်ကယ်ပြုတ်ကျ ၄ ဦးဒဏ်ရာရရှိ

0
256

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊တောင်ဝိုင်းတောင်တက်ကားလမ်းတွင် ယနေ့ (နို၀င်ဘာ ၇ ရက်) နံနက်ပိုင်းက မီနီအိုးဝေ သုံးဘီးဆိုင်ကယ်သည် ချောက်အတွင်း ပြုတ်ကျသွားသည့်အတွက် လူမှုကူညီရေးအသင်းများက ကူညီရေးများ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊တောင်ဝိုင်းတောင်တက်ကားလမ်း၌ မီနီအိုးဝေသုံးဘီးဆိုင်ကယ် ၁ စီးသည် တောင်အောက်ဆင်း ကားအားရှောင်ရာမှ ဆိုင်ကယ်ကိုဝင်တိုက်မိပြီး ချောက်ကမ်းအဆက်ထဲ ပြုတ်ကျသွားခြင်းဖြစ်သည်ဟု ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီး(၃)ဦးနှင့်အမျိုးသား(၁)ဦး စုစုပေါင်း (၄) ဦိး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ကူညီကယ်ဆယ်၍ လူနာများအား လိုအပ်သည့်များပြုစုကုသပေးခဲ့ကာ မော်လမြိုင်ဆေးရုံကြီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချောက်ထဲပြုတ်ကျနေသော မီနီအိုးဝေဆိုင်ကယ်ကိုလည်း ရှာဖွေကယ်ဆယ်ရေးယာဉ်၏ ကြိုးဆွဲကရိမ်းဖြင့်ဆွဲတင်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here