နက်ဖြန်ဖြစ်မည့် လအပြည့်ကြတ်ခြင်း မြန်မာနိုင်ငံမှလည်း မြင်ရမည်

0
322

အမေရိကန်နာဆာ(NASA)က နက်ဖြန် နိုဝင်ဘာ ၈ရက်တွင် ဖြစ်ပါ်မည်ဟုဆိုထားသော လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများမှလည်း မြင်တွေ့ကြရမည်ဖြစ်သည်။

ယင်းလအပြည့်ကြတ်ခြင်း၏ ကနဦးဖြစ်စဉ်မှာ နိုဝင်ဘာ ၈ရက် 3:02 a.m. EST(မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၂ မိနစ်)တွင် စတင်မည်ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းကြတ်ခြင်းဖြစ်စဉ်မှာ 4:09 a.m. EST(မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်)တွင်စတင်မည်ဖြစ်ကာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်ဖြစ်ကာ၊ လအပြည့်ကြတ်မှုမှာမူ 5:17 a.m. EST(မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၄၇ မိနစ်)တွင်ဖြစ်ပွားမည်ဟုဆိုသည်။

ထိုသို့ လအပြည့်ကြတ်နေခြင်းမှာ တစ်နာရီခွဲခန့်ကြာမြင့်မည်ဖြစ်သဖြင့် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၄၇ မိနစ်ခန့်မှ ညနေ  ၆ နာရီ ၁၂ မိနစ်ခန့်အထိကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တိမ်ကင်းစင်သည့်ဒေသများတွင် နေဝင်၍ လထွက်ချိန် ညနေ ၅ နာရီခွဲခန့်မှ စတင်၍ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်ဖြစ်သည်။ 

ယင်း လအပြည့်ကြတ်မှုဖြစ်စဉ်ကို မြောက်အမေရိက၊ ဗဟိုအမေရိက၊ ကိုလံဘီယာ၊ အနောက်ဗင်နီဇွဲလားနှင့် ပီရူးနိုင်ငံတို့မှလည်း မြင်တွေ့နိုင်ကြမည်ဟုဆိုထားသည်။ အလာစကာနှင့် ဟာဝိုင်ယီတို့မှမူ လကြတ်မှုဖြစ်စဉ် အစအဆုံးကို မြင်တွေ့နိုင်လိမ့်မည်။

လအပြည့်ကြတ်မှုဖြစ်စဉ်ပြီးဆုံးပြီးနောက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲခန့်တွင် လကြတ်မှုဖြစ်စဉ် အစအဆုံးပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။

ယခု လအပြည့်ကြတ်ခြင်းမျိုးကို နောက် ၃ နှစ်ကြာမှသာလျှင် ထပ်မံမြင်တွေ့နိုင်လိမ့်မည်ဟုလည်း နာဆာကဆိုသည်။

Source: A total lunar eclipse is happening Tuesday — and it won’t happen again for 3 years


LEAVE A REPLY

Please enter your comment!
Please enter your name here