မြဝတီမြို့အခြေစိုက် အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်း ၆၇ နှစ်မြောက် ကရင် ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုထူးချွန်ဆုချီးမြှင့်ခံရ

0
248

ကရင်ပြည်နယ်၊မြဝတီမြို့အခြေစိုက်၊လူမှုကူညီရေးအသင်းဖြစ်သည့် အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်းသည် နိုဝင်ဘာ ၇ ရက် (ယနေ့)နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် ၆၇ နှစ် မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်း အနားတွင် ဂုဏ်ပြုထူးချွန်ဆုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားအား ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ နေ့လည် ၁ နာရီကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ဂုဏ်ထူးဆောင်လက် မှတ်များနှင့်ဆုပစ္စည်းများ၊ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အသင်းအဖွဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အ စည်းများနှင့်သက်ဆိုင်သည့် ဆုတံဆိပ်များအားပေးအပ်ချီးမြှင့်ရာတွင် အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှရရှိသည့် ဂုဏ်ပြုထူးချွန်ဆုတံဆိပ်အား အသင်း ဥက္ကဋ္ဌကိုအောင်ဇော်ဦးက လက်ခံရယူခဲ့သည်။

“မြဝတီကဆိုရင် ကျွန်တော်တို့အသင်းရယ် ကပေါ်ထော့ပညာရေးနှင့်ကျန်းမာ‌ရေးဖောင်ဒေးရှင်းအသင်းက ဂုဏ်ပြုဆုရတယ် ကျိုယ်ကျိုးကိုမငဲ့ပဲ ကူညီပေးခဲ့တာတွေကို အခုလိုအသိအမှတ်ပြုပြီး ဂုဏ်ပြုဆုချီးမြှင့်ခံရလို့အရမ်းဝမ်းသာတယ်”ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌကိုအောင်ဇော်ဦးကပြောသည်။

၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားတွင် စီမံခန့်ခွဲခြင်းဆိုင်ရာထူးချွန်ဆု၊ပညာရေးဆိုင်ရာထူးချွန်ဆု၊လူမှုရေးဆိုင်ရာထူးချွန်ဆု၊အခွန်ထမ်းဆောင်မှုလုပ်ငန်းရှင်ဆု၊ကျောင်းသား၊ကျောင်းသူများပညာရေးထူးချွန်ဆု၊ဌာနဆိုင်ရာမှဝန်ထမ်းထူးချွန်ဆု၊စိုက်ပျိုးရေးတောင်သူများထူးချွန်ဆု၊အားကစားထူးချွန်ဆုနှင့်အသင်းအဖွဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အ စည်းများအတွက် ဂုဏ်ပြုဆုများအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အ ရေး၊အတီး ပြိုင်ပွဲများ၌ ဆုရရှိသူများကိုလည်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ဂုဏ်ပြုဆုပေါင်း ၁၈၁ ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here