စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းနှင့် ဗားကရာလမ်းထောင့်တွင် ၁ နာရီကျော်ကြာမီးလောင်မှုဖြစ်

0
187

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊မြေနီကုန်းတောင်ရပ်ကွက်တွင် နိုဝင်ဘာ ၈ ရက်(ယနေ့) နံနက်ပိုင်းက Level 1 အဆင့် ၁ နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၅၅ မိနစ်ခန့်က စမ်းချောင်းမြို့ နယ်၊မြေနီကုန်းတောင်ရပ်ကွက်၊ဓမ္မစေတီလမ်းနှင့်ဗားကရာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြပြီးနောက် နံနက် ၇ နာရီ ၅ မိနစ်တွင် မီးလောင်မှုအား Level 1 အဆင့်သတ် မှတ်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ကြောင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here