ရွှေပြည်သာတွင် တန်ဆောင်းမုန်းလပြည့်ည ပံ့သကူကောက်ရာမှ လူတစ်ဦးကားတိုက်သေဆုံးကာ တစ်ဦး ဒဏ်ရာရ

0
408

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်တွင် တန် ဆောင်မုန်းလပြည့်ည ပံ့သကူကောက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၈) ရက် ၊ တန်ဆောင်မုန်းလပြည့်ညတွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ပံ့သကူပစ်ခြင်း၊ ပံ့သကူကောက်ခြင်းများ ပြုလုပ်ခဲ့ကြခြင်း ဖြစ် သည်။

ယင်းကဲ့သို့ ပံ့သကူပစ်ခြင်း၊ ပံ့သကူ ကောက်ခြင်း ပြုလုပ်ကြရာမှ နိုဝင်ဘာ (၇) ရက် ညဦးပိုင်းတွင် ရွှေပြည်သာမြို့ နယ် မြင်းလှည်းဂိတ်အနီး၌ လမ်းပေါ်တွင် ပံ့သကူပြေးကောက်သူများအား ကားဖြင့် တိုက်မိသဖြင့် တစ်ဦးသေ ဆုံးကာ တစ်ဦးခြေတောက်တွင် ဒဏ်ရာရခဲ့ကြောင်း ရွှေလက်လူမှုကူညီရေးအသင်းက သတင်း ထုတ်ပြန်ထား သည်။

” တစ်မြို့လုံးနီးပါးပါပဲ။ တချို့ကလည်း ဟေးလားဝါး လား အပျော်ပေါ့။ တချို့ကလည်း တကယ်ကြပ်တည်းလို့ ရှာကြတဲ့ သူတွေပေါ့။ မြင်းလှည်းဂိတ်မှာ လမ်းပေါ် ပြေးကောက်ရင်း ကားတိုက်ပြီး တစ်ယောက်သေတယ် ။ တစ်ယောက်က ခြေတောက်ကွဲသွားလို့ ငါးချက်လောက် ချုပ်လိုက်ရတယ် ” ဟု လူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ခြင်းနှင့် ပံ့သကူကောက်ခြင်းအပါအဝင် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ရိုးရာ ယဉ်ကျေးမှုအဖြစ် လုပ် ဆောင်ကြခြင်းဖြစ်ကာ ယဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုများလည်း နှစ်စဉ်ဖြ စ်ပွားလျက်ရှိနေခြင်း ဖြစ်သည်။

” ရိုးရာယဉ်ကျေးမှုဆိုပေမဲ့ အရင်က ပံ့သ ကူဆိုတာနဲ့ မတူဘူးလေ။ အခုက ကားပေါ်ကနေ လမ်းပေါ် လျှောက်ကျဲနေတာများတယ် ။ တကယ်ဆို ပံ့သကူ ပစ်တာက မမြင်ကွယ်ရာ လမ်းကြိုလမ်းကြား၊ ‌လမ်းဘေး တစ်နေရာရာ ပစ်ထားခဲ့ရတာ။ နောက်မှ တွေ့တဲ့သူက ကောက်သွားပေါ့။ ဒါမျိုးပဲ ဖြစ်ရမှာ၊အခုက‌ လမ်းပေါ်မှာ တရုန်းရုန်းနဲ့ သရုပ်ပျက်တာပေါ့။ ဖြစ်ရင် သူလည်းမကောင်းဘူး။ ကို ယ်လည်းမကောင်းဘူးပေါ့” ဟု အဆိုပါ လူမှုကူညီရေးအ သင်းမှ တာဝန်ရှိသူက ၎င်း၏ အမြင်ကို သုံးသပ်ပြ သ ည်။

ယမန်နေ့ နိုဝင်ဘာ (၇) ရက် ညပိုင်းတွင် ရန်ကုန်တိုင်းအတွင်း ရွှေပြည်သာမြို့နယ်အပါအဝင် မရမ်းကုန်းမြို့နယ်တွင် အလားတူ ယဉ်မတော် တဆမှုများ ဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here