ရန်ကုန်မြို့ရှိ သမိုင်းခုံးကျော်တံတားပေါ်မှ အမျိုးသားတစ်ဦးခုန်ချ၍ ထိခိုက်ဒဏ်ရာရ

0
199

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိ သမိုင်းခုံးကျော်တံတားပေါ်မှ နိုဝင်ဘာ ၈ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသားတစ်ဦးခုန်ချ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်အား ဆက်သွယ်ထားသည့် သမိုင်းခုံးကျော်တံတားပေါ်မှ အမည်၊အသက်၊နေရပ်လိပ်စာ(စီစစ်ဆဲ)အမျိုး သားတစ်ဦးခုန်ချခဲ့ခြင်းဖြစ်သည်။

“ခုန်ချသွားတာဟုတ်တယ် ရထားလမ်းကိုဖြတ်ဖို့လုပ်ထားတဲ့ ခုံးကျော်တံတားပေါ့ အဲဒီကနေခုန်ချခဲ့တာ ထိခိုက်ဒဏ်ရာရတာတွေရှိတယ် ဘာ့ကြောင့်ခုန်ချတယ်ဆိုတာကတော့ တာဝန်ရှိတဲ့လူတွေဆက်ပြီး စစ်ဆေးမှာပေါ့ ကျွန်တော်တို့က တော့ မသိဘူးဗျ”ဟု သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ခုံးကျော်တံတားပေါ်မှခုန်ချ၍ ထိခိုက်ဒဏ်ရာရရှိသွားသည့် အမျိုးသားအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here