၂၀၂၅ ခုနှစ်အထိ တစ်ကမ္ဘာလုံးရှိသစ်တောများထိန်းသိမ်းရန် ဂျာမနီနိုင်ငံက ယူရို ၂ ဘီလီယံတိုးမြှင့်ထည့်ဝင်

0
209

အီဂျစ်နိုင်ငံမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ၂၇ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP 27)အား နိုဝင်ဘာ ၆ ရက်မှစတင်၍ Sharm el-Sheikh မြို့၌ကျင်းပလျက်ရှိသည်ဟု မြန်မာ နိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ညီလာခံအားတက်ရောက်လာသည့် နိုင်ငံပေါင်း ၂၀၀ ကျော်မှ အစိုးရကိုယ်စားလှယ်များက ရာသီဥတုပြောင်းလဲမှုဆိုင်ရာများအား ဆွေးနွေးသွားမည်ဖြစ်ကာ ညီလာခံကျင်းပမှုသည် နှစ်ပတ်တာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ညီလာခံတွင် ဂျာမနီနိုင်ငံမှ Olaf Scholz က ၂၀၂၅ ခုနှစ်အထိ သစ်တောထိန်းသိမ်းရေးအ တွက် ဂျာမနီနိုင်ငံမှ ယူရိုနှစ်ဘီလီယံတိုးမြှင့်ထည့်ဝင်ခဲ့ကြောင်းကြေညာခဲ့သည်ဟု မြန်မာနိုင်ငံဆိုင် ရာ ဂျာမနီသံရုံးက အသိပေးထုတ်ပြန်ခဲ့သည်။

ဂျာမနီနိုင်ငံသည် ပြီးခဲ့သည့်နှစ်က Glasgow မြို့တွင်ကျင်းပခဲ့သည့် ညီလာခံ၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ သစ်တောများကိုထိန်းသိမ်းရန်အတွက် ယူရိုတစ်ဘီလီယံ ထည့်ဝင်ခဲ့သည်။

ရာသီဥတုကပ်ဘေးသည် ဂျာမနီအစိုးရအတွက် အထူးအလေးပေးကိစ္စဖြစ်၍ ရာသီဥတုဆိုင်ရာ နိုင်ငံတကာလုပ်ဆောင်ချက်များကို ပိုမိုထိရောက်စေရန် အခြားနိုင်ငံအစိုးရများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမ နီသံရုံးကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here