ငါးမန်းကိုက်ခံခဲ့ရသော ကယ်လီဖိုးနီးယားသူတစ်ဦးက ဖြစ်စဉ်ကို ပြန်လည် ပြောပြ

0
160

ဆန်ဒီ‌ ယေဂို၊ နိုဝင်ဘာ ၇

လင်း ဂျူးထရောနစ် ဆိုသူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးသည် သောကြာနေ့ နံနက်ခင်းပိုင်းတွင် ဆန်ဒီယေဂိုမြောက်ပိုင်း ဒယ်မာ မြို့ရှိ ပစိဖိတ်ကမ်းရိုးတန်း၌ ရေကူးနေစဉ် ငါးမန်းတစ်ကောင် ကိုက်သွားခဲ့သည်ဟု ဆိုသည်။

“တကယ်ကို အကောင်ကြီးကြီး တစ်ကောင်က လာကိုက်သလိုခံစားရတယ်၊ ဒါကို ဘယ်လိုပြောပြရမလဲ မသိတော့ဘူး၊ ကျွန်မခြေထောက်ကြားကနေ လာပြီး တိုးဝှေ့တယ်၊ တကယ် နာကျင်ရတယ်” ဟု ဂျူးထရောနစ် က ကေဂျီတီဗွီ သတင်းဌာနသို့ ပြောသည်။

“ခြေထောက်ကို ကိုက်နေတဲ့အချိန်မှာလား ဒါမှမဟုတ် မကိုက်ခင် မြင်တာလား မသိပေမယ့် ခြေထောက်ကိုလာပြီး တွယ်ကပ်နေတာကို မြင်ခဲ့တယ်၊ ဒါပေမယ့် ပါးစပ်ကို တော့ သေချာမြင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ငါးမန်းသည် ခွေးကဲ့သို့ ညာခြေထောက်မှာ ဆက်လက် တွယ်ကပ်လာပြီး တစ်‌ကြိမ်လောက် လှုပ်ယမ်းပြီးမှ လွှတ်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

၎င်းနှင့် အတူ ရေကူးနေခဲ့သော သူငယ်ချင်းက ၎င်းအား ကမ်းစပ် ပြန်ရောက်အောင် ကူညီခဲ့ပြီး အသက်ကယ်အစောင့်များနှင့် အရေးပေါ် ကယ်ဆယ်ရေးသမားများက ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်း၏ သူငယ်ချင်းကလည်း ငါးမန်းဆူးတောင်ကို မြင်ခဲ့ကြောင်း ပြောသည်။

ထို့နောက် ဆေးရုံတွင် ၎င်း၏ ညာဘက်ပေါင် အပေါ်ပိုင်းရှိ အပေါက်ရာများနှင့် စုတ်ပြတ် ပေါက်ပြဲ ဒဏ်ရာများကို ကုသခံခဲ့သည်။

Source: AP News


LEAVE A REPLY

Please enter your comment!
Please enter your name here