ခင်ပွန်းဖြစ်သူတိုက်ခိုက်ခံရခြင်းက အနားယူမယူဟူသည့်ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိလိမ့်မည်ဟုပေလိုစီပြောကြား

0
130

ဝါရှင်တန်၊နိုဝင်ဘာ ၈

အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီသည် နေအိမ်၌ခင်ပွန်းဖြစ်သူတိုက်ခိုက်ခံရအပြီး ၌ အမှန်တကယ်တိုက်ခိုက်ရန်ပစ်မှတ်ထားသူမှာ ၎င်းဖြစ်ကြောင်းသိရှိလိုက်ရချိန်တွင် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် ယခုဖြစ်စဉ်ကမည်သည့်အချိန်တွင် ကွန်ဂရက်မှအနားယူမည်ဟူသော ဆုံးဖြတ်ချက်အပေါ်သက်ရောက်နိုင်သည့်ကိစ္စတစ်ခုဖြစ်လာကြောင်းပြောကြားခဲ့သည်။

၎င်း၏ခင်ပွန်းသည်အားတမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ သူမကိုဦးတည်တိုက်ခိုက်ချင်မှန်းသိလိုက်ရပြီး ခင်ပွန်းသည်ကမဆီမဆိုင်ခံလိုက်ရကြောင်းသိရှိလိုက်ရချိန်သည် သူမအတွက်အခက်ခဲအနာကျင်ဆုံးအချိန်ဖြစ်သည်ဟုလည်းဆိုသည်။

အင်္ဂါနေ့ကပြုလုပ်ခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရက်များအနေဖြင့်၎င်းတို့၏ အောက်လွှတ်တော်နေရာအများစုကိုရှုံးနိမ့်ခဲ့ပါက ကွန်ဂရက်မှနှုတ်ထွက်ရန်ဆန္ဒရှိမရှိနှင့် ဥက္ကဌရာထူးကိုဆက်လက်ထမ်းဆောင်ရန်စိတ်ကူးရှိမရှိအား CNN ကမေးမြန်းရာတွင် မစ္စပေလိုစီကနှုတ်ဆိတ်‌ နေခဲ့သည်။

သို့သော် အနားယူမယူဟူသော ၎င်း၏ဆုံးဖြတ်ချက်သည် အဆိုပါတိုက်ခိုက်မှုအပေါ်တွင်မူတည်ကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ကို မူပြန်လည်ဖြေဆိုခဲ့သည်။အသက် ၄၂ နှစ်အရွယ်ရှိသံသယတရားခံ ဒေးဗစ်ဝိန်းဒီပါပေကမူ ၎င်းသည်မစ္စပေလိုစီအားတိုက်ခိုက်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ကြောင့်ဒီပါပေကို ပြန်ပေးဆွဲရန်ကြိုးပမ်းမှုနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများနှဖြင့် ဗဟိုတရားရုံးတွင်တရားစွဲဆိုထားကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here