ရှင်ဗွေယန်မြို့တွင် ပံ့သကူကောက်ရန်သွားသည့် အမျိုးသား ၂ ဦးစကားများရန်ဖြစ်ပြီး ဓားဖြင့်ခုတ်သတ်မှုဖြစ်

0
230

ကချင်ပြည်နယ်၊ရှင်ဗွေယန်မြို့တွင် နိုဝင်ဘာ ၇ ရက်ညပိုင်းက ပံ့သကူကောက်ရန်သွားသည့် အ မျိုးသား ၂ ဦး စကားများရန်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၁၂ နာရီခွဲခန့်က ရှင်ဗွေယန်မြို့၊ရပ် ကွက်(၃)နေသူများဖြစ်သည့် ကိုဖြိုးကျော်စံ(၃၃) နှစ်နှင့်ကိုရဲကို(၃၆)နှစ်တို့သည် အရက်သေစာသောက်စား၍ ပံ့သကူကောက်ရန်ထွက်လာစဥ် လမ်း၌စကားများရန်ဖြစ်ရာ ကိုရဲကိုမှအသင့်ပါ လာသည့်ဓားဖြင့် ကိုဖြိုးကျော်စံအားခုတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကိုဖြိုးကျော်စံ၏ ဦးခေါင်း၌ဓားခုတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ရှင်ဗွေယန်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး အရေးပေါ်အခြေအနေဖြစ်နေ၍ ရှင်ဗွေယန်ပြည်သူ့ဆေး ရုံမှတဆင့် တနိုင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်စဥ် ဆေးရုံအရောက်၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကိုရဲကိုအား ရှင်ဗွေယန်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၃၀၂ အရအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here