စင်္ကာပူက ရွှေ့ပြောင်းနေထိုင်သူများဟုယူဆရသူ အယောက်သုံးရာအား လှေနစ်မြုပ်မှုမှကယ်တင်နိုင်ခဲ့

0
134

ကိုလံဘို၊နိုဝင်ဘာ ၈

ရွှေ့ပြောင်းနေထိုင်သူများဟုယူဆရသည့် လူအယောက်သုံးရာခန့်အား ၎င်းတို့လှေနစ်မြုပ်ပြီးနောက် စင်္ကာပူအာဏာပိုင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သီရိလင်္ကာရေတပ်က နိုဝင်ဘာ ၇ ရက်နေ့ကပြောကြားခဲ့သည်။

ရေတပ်ပြောရေးဆိုခွင့်ရှိသူ အင်ဒီကာဒီဆေးလ်ဗားကမူ သင်္ဘောပေါ်ရှိသီရိလင်္ကာနိုင်ငံသားတစ်ဦးက တနင်္လာနေ့ကရေတပ်ထံသို့ဆက်သွယ်ခဲ့ပြီး ၎င်းတို့ဒုက္ခရောက်နေကြောင်း ပြောကြားခဲ့သဖြင့် ကိုလံဘိုရှိ ရေကြောင်းကယ်ဆယ်မှုညှိနှိုင်းရေးစင်တာက စင်္ကာပူ၊ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ထံအကူအညီတောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။

စင်္ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင် MPA ၏ပြောကြားချက်အရ စင်္ကာပူ MRCC သည် ကိုလံဘိုထံမှ တနင်္လာနေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ထိုသို့အကူညီတောင်းခံမှုကိုလက်ခံရရှိခဲ့ကြောင်းသိရှိရသည်။ထို့ကြောင့်စူးစမ်းမှုပြုလုပ်ရာ အဆိုပါလှေသည်အမှန်တကယ် ဒုက္ခရောက်နေကြောင်းတွေ့ရှိရသဖြင့် ဗီယက်နမ် MRCC နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်းဖော်ပြထားသည်။

ဗီယက်နမ် MRCC ကလည်း အကူအညီပေးနိုင်ရေးအတွက် သင်္ဘောများကိုချက်ချင်းဖြန့်ကျက်ကူညီပေးခဲ့သည်။စုစုပေါင်း  ၃၀၅ ယောက်အား သင်္ဘောများဖြင့်ကယ်ဆယ်ထားနိုင်ခဲ့ပြီး ၎င်းတို့သည်ဗီယက်နမ်နိုင်ငံ Vung Tau သို့ရောက်ရှိသွားပြီဖြစ်ကြောင်း စင်္ကာပူအာဏာပိုင်များက နောက်ပိုင်းတွင်သီရိလင်္ကာသို့အကြောင်းကြားခဲ့သည်။

စင်္ကာပူရေတပ်အနေဖြင့် အဆိုပါလှေပေါ်တွင် သီရိလင်္ကာနိုင်ငံသားတစ်ဦးပါရှိသည်ကိုသာ တရားဝင်အသိအမှတ်ပြုနိုင်ခဲ့ပြီး ကျန်သူများ၏အချက်အလက်များကိုမူ ၎င်းတို့ဗီယက်နမ်ရောက်မှသာ အတည်ပြုသိရှိရမည်ဖြစ်ကြောင်း မစ္စတာဒီဆေးလ်ဗားကပြောကြားခဲ့သည်။

ယခင်ကလည်း သီရိလင်္ကာနိုင်ငံသားများသည် ကြာမြင့်လွန်းသောပြည်တွင်းစစ်ဒဏ်မှလွတ်မြောက်ရန် လှေဖြင့်နိုင်ငံဖြတ်ကျော်ခြင်းမျိုး မကြာခဏလုပ်ဆောင်ခဲ့ကြသည်။ယခုအခါတွင်လည်း စီးပွားရေးအကျပ်အတည်းမှလွတ်မြောက်ရန် အခြားနိုင်ငံများသို့တရားမဝင် ပြောင်းရွှေ့နေထိုင်ရန်ကြိုးစားလျက်ရှိသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here