မြဝတီ-ကော့ကရိတ်သွားလမ်းမကြီးပေါ်တွင် ခရီးသည်တင်အံစာတုံးကား အုတ်ခုံဝင်တိုက်တိမ်းမှောက်၍ လိုက်ပါလာသူ ၆ ဦးလုံးသေဆုံး

0
481

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ- ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် နိုဝင်ဘာ ၉ ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး၌ မြဝတီမြို့ဘက်မှမောင်းလာသည့် ခရီးသည်တင် အံစာတုံးကား သည် အရှိန်မထိန်းနိုင်ဘဲ လမ်းတားတုံးများအားကျော်၍ ကွန်ကရစ်ဆိုင်းဘုတ်အုတ်ခုံအားဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ ပါလာတဲ့လူအကုန်လုံးသေဆုံးတယ် တစ်ယောက်ကဖြစ်စဥ်ဖြစ်တဲ့အချိန်မှာ ကားပေါ်ကနေလွှင့်စင်ကျသွားတယ် တောနော်ရေတံခွန်ဆိုင်းဘုတ်ကွန်ကရစ်အုတ်ခုံကို ဝင်တိုက်သွားတာ ကျွန်တော်တို့လည်းကူညီတာတွေလုပ်ပေးပြီး အခင်းဖြစ်တဲ့နေရာက ကော့ကရိတ်မြို့နယ်အပိုင်ထဲမှာဆိုတော့ အဲဒီက ပုလဲဖြူလူမှုကူညီရေးအသင်းကိုချိတ်ဆက်ပေးခဲ့တယ်”ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်တွင် ကားပေါ်၌လိုက်ပါလာသူ ကားမောင်းသူအပါအဝင် ၆ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား ပုလဲဖြူလူမှုကူညီရေးအသင်းမှ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here