နာဆာဒုံးပျံလွှတ်တင်မှု မုန်တိုင်းကြောင့် ရွှေ့ဆိုင်းရပြန်

0
164

ပြီးခဲ့သည့် လများမှစ၍ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသော နာဆာ၏ Artemis I လူမဲ့ ဒုံးပျံစမ်းသပ်လွှတ်တင်မှုကို ယခုအကြိမ်တွင်လည်း မုန်တိုင်းကြောင်း ထပ်မံရွှေ့ဆိုင်းလိုက်ရပြန်သည်။

နာဆာ၏ ဒုံးပျံလွှတ်စခန်းတည်ရှိရာ ဖလော်ရီဒါပြည်နယ်သို့ အင်အားပြင်း ဟာရီကိန်းမုန်တိုင်းတစ်ခု မကြာမီရက်ပိုင်းအတွင်းဝင်ရောက်မည်ဖြစ်သဖြင့် နိုဝင်ဘာ ၁၄ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခြင်းကို နိုဝင်ဘာ ၁၆ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်းဒုံးပျံအား စက်တင်ဘာ ၃ ရက်နေ့က လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း၊ ချွတ်ယွင်းမှုများကြောင့်၊ စက်တင်ဘာ ၁၉၊ စက်တင်ဘာ ၂၇၊ စက်တင်ဘာ ၃၀ စသည့်ရက်များသို့ ရွှေ့ဆိုင်းခဲ့ပြီး၊ ယခုအခါ ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ်သည်။ 

နိုဝင်ဘာ ၁၆ ရက်နေ့တွင် လွှတ်တင်ရန် အဆင်မပြေပါက နိုဝင်ဘာ ၁၉ သို့ ထပ်မံရွှေ့ဆိုင်းမည်ဟုလည်း နာဆာကဆိုသည်။

Source: NASA’s Artemis I mission delayed again as storm barrels toward launch site(CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here